Innocent Murder 22- သံသယရှိ တရားခံများ

3.3K 566 16
                                    

Zawgyi

Zhan Zhao နှင့် Bai Yutang တို့က Luo Tian နှင့်အတူ S.C.I. ကို ပြန်လာကြသည်။ ရုံးခန်းထဲ ဝင်ဝင်ချင်း ပထမဆုံး မြင်လိုက်ရသည်က Zhao Wei နှင့် Lisbon တို့ နှစ်ယောက်သား ဆိုဖာတစ်ခုလုံးကို အပိုင်စီးထားကြ၏။ Zhao Wei က သခွားမွှေးသီးတစ်ပန်းကန်ကိုင်ကာ သမ်းဝေရင်း စားနေသည်။

" ခင်ဗျားက ဒီမှာ ဘာလုပ်နေတာလဲ"
Bai Yutang က အံ့အားသင့်ကာ မေးလိုက်သည်။

Zhao Wei က မလှမ်းမကမ်းတွင် အလုပ်များနေသော Bai Chi ကို ကြည့်ကာ ပြော၏။
" Chi Chi က ပြောတယ်... အခုချိန်ကစပြီး သူက ကျွန်တော့်ကို နှစ်ဆယ့်လေးနာရီ စောင့်ကြည့်မှာတဲ့... ဒါပေမဲ့ သူက အမှုအကြောင်းပဲ စိတ်မအေးနိုင်ပဲ စဉ်းစားနေတော့ ကျွန်တော် လေ့ကျင့်တာ မရှိတဲ့ အချိန် သူနဲ့ လိုက်လာပေးတာ"

Bai Yutang နှင့် Zhan Zhao တို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။... ဒီကောင်လေးက တွေးပေးတတ်တာပဲ....

"Bai Sir..."
စားပွဲပေါ်တွင် Jiang Pingက ကွန်ပျူတာ နှစ်လုံးကို ​ပြိုင်ဖွင့်ထားကာ Bai Yutang ကို လှမ်းခေါ်လိုက်သည်။
" ဒီဟာကို ကြည့်ကြည့်.."

အချီခံရသည်ကို အသားကျနေသော Zhan Zhao လေးကို ပွေ့ရင်း Bai Yutang က လျှောက်လာတော့ Bai Chi လေး​က Zhan Zhao ထိုင်ရန် ထိုင်ခုံတစ်လုံး ချပေးသည်။

" ဒါကဘာလဲ"
Zhan Zhao က Jiang Ping ကို မေးလိုက်သည်။

" ဒါတွေက ညစာစားပွဲ... ကားပါကင်နဲ့ ရဲစခန်းက CCTV မှတ်တမ်းတွေပါ "
Jiang Ping က မှတ်တမ်း သုံးခုကို ယှဉ်ပြထားပြီး မှတ်တမ်းတစ်ခုစီတွင် လူတစ်ယောက်စီ ရှိနေကြသည်။ သုံးယောက်လုံးက ခေါင်းငုံ့ထားကာ CCTV ကို ​ရှောင်နေကြမှန်း သိသာလွန်းသည်။ ညစာစားပွဲတွင် ရှိသော မှတ်တမ်းထဲတွင် အနောက်တိုင်းဝတ်စုံအနက်ရောင်နှင့် လက်ထဲတွင် ဝိုင်တစ်ခွက် ကိုင်ထား၏။ ကားပါကင်တွင် ရှိသော သူမှာ ကားတစ်စီးထဲတွင် ထိုင်နေကာ အင်္ကျီအဖြူရောင် လက်ရှည်ကို ဝတ်ဆင်ပြီး အလွန်ပိန်ပုံရသည်။ ထိုသူထိုင်နေသော ကားနံပါတ်ပြားက တိုက်တိုက်ဆိုင်ဆိုင် ကင်မရာတွင် မမြင်ရပေ။ တတိယ မှတ်တမ်းဖြစ်သည့် ရဲစခန်းကင်မရာထဲတွင် ကင်းလှည်ံရဲယူနီဖောင်းကို ဝတ်ထား၏။ Jiang Ping က ထိုယူနီဖောင်း၏ နံပါတ်ကို သေချာ ချဲ့ကြည့်တော့ ထိုဝတ်စုံမှာ သေသွားသော Wang Liyong ၏ ဝတ်စုံ ဖြစ်နေ၏။

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now