Love Murder 16- Chip

637 107 1
                                    

Unicode

" ဘာလို့ ရှေးဟောင်းဥရောပ မိသားစုတစ်စုရဲ့ အထိမ်းအမှတ်ပစ္စည်းက ဒီလိုတောရွာလေးမှာ ပေါ်လာရတာလဲ... ပြီးတော့ နှစ်တွေအများကြီးကြာပြီးမှလေ"
လော့ထျန်က ဝင်မေးသည်။

" ပြီးတော့ ထပ်ရှိသေးတယ်"
မာဟန်က ခေါင်းညိတ်သည်။
"ဘာလို့ ကျန်းမြောင်မြောင်မှာ အဲ့ဒီ့ဆွဲကြိုးရှိနေပြီးတော့.. အကိုက်ခံလိုက်ရတာလဲ"

" အထူးဆန်းဆုံးက ဘာလို့ ကျန်းရင်းနဲ့ ကျန်းမြောင်မြောင်တို့ မျက်နှာချင်း အရမ်းတူနေလဲဆိုတာပဲ"
ပိုင်ယွိထန်က သက်ပြင်းချ၏။

" ဟုတ်တယ်"
ကျန်ကျောက်က ရုတ်တရက်ကြီး သူ့ဖုန်းကိုထုတ်ကာ ထိုနေ့ညက ကျန်းရင်း ဖုန်းခေါ်ထားသည့်နံပါတ်ကို ကြည့်သည်။

ပိုင်ယွိထန်က မေးလိုက်၏။
" ကျန်းပင် စစ်ဆေးပြီးပြီမဟုတ်လား... မသုံးတော့တဲ့ နံပါတ်ဆို"

ကျန်ကျောက်က ထိုနံပါတ်ကို လှမ်းခေါ်ကာ ပြန်ဖြေသည်။
" ငါ စမ်းကြည့်ရုံပဲ"

အချိန်အတော်ကြာတော့ ဖုန်းဝင်သွားသည်။ မအားသည့်ပုံစံမဟုတ်။

ကျန်ကျောက်က စပီကာဖွင့်ပြလိုက်တော့ သူတို့အားလုံး တအံ့တဩဖြစ်သွားကြသည်။

သုံးခါခန့် မြည်ပြီးနောက်တွင်တော့ တစ်ဖက်မှ ရင်းနှီးနေသော မိန်းကလေးတစ်ယောက်၏ အသံကိုကြားလိုက်ရသည်။
" ဒေါက်တာကျန်??"

ကျန်ကျောက်က ခဏတာမျှ ကြောင်နေသောကြောင့် တစ်ဖက်မှ ကျန်းရင်း၏ ခပ်ဖွဖွ ရယ်သံထွက်လာသည်။
" ဘာလို့လဲ ကျွန်မကို မေးစရာများ ရှိလို့လား"

"ဟို.."

ကျန်ကျောက် ဘာမှမပြောနိုင်ခင် ပိုင်ယွိထန်က ဖြတ်မေးလိုက်၏။
" ခင်ဗျား ကျန်းမြောင်မြောင်ကို သိလား"

ကျန်းရင်းလဲ တအံ့တဩဖြစ်သွားပြီး အတော်ကြာမှ စကားစသည်။
" ရှင်တို့က အရမ်းမြန်တာပဲ... ထိပ်တန်းရဲတွေ ဖြစ်ထိုက်ပါတယ်"

" ခင်ဗျား သူ့ကို သိလား"
ဒီတစ်ခါတော့ ကျန်ကျောက်ဝင်မေးခြင်းဖြစ်၏။

" ရှင်တို့ ရွာထဲ ရောက်ပြီးပြီလား"
ကျန်းရင်းက ပြန်မေးသည်။

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now