Killer vs Killer 04- တွေ့ဆုံပွဲ

3K 522 52
                                    

Zawgyi

Bai Jintang ၏ စားသောက်ဆိုင် အသစ်က လတ်လတ်ဆတ်ဆတ် ငါးများရသော ပင်လယ်စာ စားသောက်ဆိုင်ပင်။ အသစ်ဖွင့်သည်ဆိုသော်လဲ လက်မလည်အောင် ရောင်းကောင်းလွန်း၍ တစ်လလောက် ကြိုတင် booking လုပ်ထားရသည်။ Bai Jintang ကတော့ ပိုင်ရှင်ဖြစ်၍ သီးသန့်အခန်းအကြီးဆုံးကို ယူထားလိုက်သည်။

SCI တစ်ဖွဲ့သားလုံး အလုပ်ဆင်းဆင်းချင်း ထိုစားသောက်ဆိုင်သို့ သွားကြသည်။ Bai Yutang နှင့် Zhan Zhao ကတော့ Bai Chi နှင့်အတူ Zhao Wei ကို ဝင်ခေါ်သည်။ အမြွှာညီအစ်ကိုက သူတို့ကို ဆိုင်ပေါက်ဝတွင် စောင့်နေ၏။ သူတို့ ဆိုင်ထဲရောက်သောအခါ အမြွှာညီငယ်က Yang Yang လေးကို ပြေးပွေ့၍ တရှုပ်ရှုပ် နမ်းရင်း ငါးကန်ကို ပြရန် ခေါ်သွား၏။ ဆိုင်ပတ်ပတ်လည် ငါးကန်များ စီတန်းနေရာ ငါးပြတိုက်နှင့်ပင် တူနေသေးသည်။ သူတို့နှစ်ယောက်လုံး ရှားပါးငါးများကို ကြည့်ကြရင်း ပြုံးနေကြလေသည်။

သီးသန့်ခန်းထဲသို့ သူတို့ရောက်သောအခါ Gongsun က Bai Jintang ရှိမနေသည်ကို သတိထားမိ၍ အကြီးကောင်ကို မေးလိုက်သည်။
" သူ ဘယ်မှာလဲ"

အကြီးကောင်က မလှမ်းမကမ်းမှ နားနေခန်းကို လက်ညိုးထိုးပြလိုက်သည်။
" ဖုန်းပြောနေလို့ပါ"

Gongsun က ခေါင်းညိတ်ကာ ထိုအခန်းထဲ ဝင်သွားသည်။

တံခါးက အသာလေးပွင့်နေ၍ ဖြည်းဖြည်းလေး တွန်းဖွင့်လိုက်ရာ အထဲတွင် ဘယ်သူမှ ရှိမနေ။

အိမ်သာများသွားသလားဟု Gongsun က တွေးလိုက်ပြီး တံခါးဖွင့်ကာ အထဲဝင်သွားလိုက်တော့ အထဲမှ လက်တစ်စုံက သူ့ကို အတင်းလာဖက်၏။

"အ!!"
အံ့သြလွန်း၍ အော်သံလေးထွက်သွားပြီး လှည့်ကြည့်လိုက်ရာ Bai Jintang ဖြစ်နေ၏။

" ခင်ဗျား အသက် ဘယ်နှနှစ်လဲ"
Gongsun က လန့်သွား၍ ဒေါသထွက်လာပြီး အတင်းရုန်းခါမှ နံရံနှင့် တွန်းခံထားရပြီး အနမ်းခံလိုက်ရလေသည်။

Bai Jintang က Gongsun ခါးကို လက်နှင့် ဆွဲယူကာ ပေါင်ကြားမှ မာတောင့်နေသော ကောင်လေးကို လက်နှင့် လှည့်ကာလှည့်ကာ ဆော့ရင်း ပြင်းပြင်းရှရှ နမ်းလိုက်သည်။ ထို့နောက် ပြုံး၍ Gongsun နားနားကပ်ကာ မေးလေ၏။
" ဒါက ဘာလေးလဲ"

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now