KILLER'S PASSWORD 9- The Case of the Year 🏆

1.6K 302 14
                                    

Unicode

"ပြီးတော့ ဘာရှိသေးလဲ "
ပိုင်ယွိထန်က ဝင်မေးသည်။

ကုန်းစွန်းက ခေါင်းခါသည်။
"အလောင်းလဲ မကျန်တော့ဘူး တခြားဓာတ်ပုံတွေလဲ မရှိဘူး ငါတို့တွေ့ချင်တဲ့ ချောင်ဝေ့မင်ပဲ ကျန်တော့တာ "

"  ခင်ဗျားက သူ့မှာတခြားဓာတ်ပုံတွေ ရှိသေးတယ်လို့ ယူဆတာလား "
ကျန်ကျောက်က မေးလိုက်သည်။

ကုန်းစွန်းက ခေါင်းညိတ်သည်။
"  အတွင်းပိုင်း ခန္ဓာဗေဒကိုပဲ ကြည့်လေ.. သူက အတွင်းဒဏ်ရာနဲ့ဆေးသုံးတဲ့ လက္ခဏာတွေ မတွေ့ရဘူးလို့ပဲ ရေးထားတာ "

"  အလောင်းရဲ့ အသားစတို့ဘာတို့ စုဆောင်းထားတာမျိုး မရှိနိုင်ဘူးလား"
ပိုင်ယွိထန်၏အမေးကို ကုန်းစွန်းက ခေါင်းခါ၍ ငြင်းသည်။
" မဖြစ်နိုင်ပါဘူး.. အဲ့လိုစုတတ်ဆောင်းတတ်သူကလွဲလို့ပေါ့ "

"  ဘယ်လိုအရူးက အသားစ စစ်ဆေးထားတဲ့ဟာတွေကို တယုတယ စုထားမှာလဲ"

ကျောက်ဟူက ဒီအတိုင်းရိုးရိုးလေး ပြောလိုက်ပေမဲ့ ကုန်းစွန်းက သူ့ကို အေးစက်စက်ပြုံး၍ စိုက်ကြည့်နေသည်။

"ဘယ်လိုပဲဖြစ်ဖြစ် ချောင်ဝေ့မင်ကို တွေ့ရင်တော့ သဲလွန်စတွေ ရမှာပါ  "
ပိုင်ယွိထန်က စကားဝိုင်းကို အဆုံးသတ်သည်။
" ချောင်ဝေ့မင်ကို သွားတွေ့ရအောင် ဒါပေမဲ့ သွားမတွေ့ခင်..."

"  Bao Sir ရုံးခန်းကို သွားပြီးတော့ ဒီအမှုနဲ့ ပတ်သက်တာတွေ မေးမလို့လား "
ကျန်ကျောက်က ပိုင်ယွိထန်ကို ဖြတ်မေးလိုက်သည်။

ပိုင်ယွိထန်က ခေါင်းညိတ်၏။
"အရမ်းသံသယဖြစ်စရာကောင်းနေတာ Bao Sir တော့ တစ်ခုခုသိနေမှာ  "

ထို့နောက် လော့ထျန်နှင့် ကုန်းစွန်းတို့ အပြင်ထွက်စောင့်နေကြပြီး ကျန်ကျောက်နှင့် ပိုင်ယွိထန်တို့က Bao Sir ရုံးခန်းသို့ သွားကြသည်။

ပေါင်ကျန်က ရုံးခန်းထဲတွင် ကော်ဖီသောက်ရင်း အေးအေးလူလူ စာဖတ်နေသည်။ သူတို့နှစ်ယောက်ဝင်လာတော့ လှမ်းမေးသည်။
"  ဘယ်လိုလဲ ကျောင်းသူလေး ကိုယ့်ကိုယ်ကို သတ်သေတဲ့အမှုက တော်တော်ဆိုးလို့လား.. ကျောင်းက အခုနပဲ ဖုန်းလှမ်းဆက်ပြီး မေးနေတာ"

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now