Zawgyi
အသံကျယ်လောင်စွာ အော်လိုက်သူက Pang Ji ပင်။ သွေးများစိုရွဲနေသော ခေါင်းပိုင်ရှင်က စောစောကမှ နှင်ထုတ်ခံလိုက်ရသော Pang Xiaoqin ပင်။
" အား!!!"
အံ့အားသင့်ကာ ကြောင်နေသော လူအုပ်ကြီးဆီမှ အသံထွက်လာခဲ့သည်။ ကြောက်စရာ ကောင်းလွန်းသော မြင်ကွင်းကြောင့် ပြေးကြ လွှားကြနှင့် ဝရုန်းသုန်းကား ဖြစ်နေတော့သည်။ ထိုအချိန်တွင် Bao Zheng က အော်လိုက်သည်။
" ဘယ်သူမှ ထွက်သွားလို့ မရဘူး"" ထွက်ပေါက်တွေ အကုန်ပိတ်ထား!!"
Bai Yutang က နေရာအသီးသီးတွင် ရပ်နေသော S.C.I. အဖွဲ့သားများကို အမိန့်ပေးလိုက်သည်။
" ဧည့်သည်တွေကို တစ်ခန်းထဲမှ စုထား...တိုက်တစ်ခုလုံးကို လိုက်ရှာ... သံသယရှိတဲ့သူတွေကို အကုန်စုံစမ်း.. လုံခြုံရေး ရုံးခန်းကို သွားပြီး CCTV တွေ အကုန် လိုက်စစ်"Bai Yutang ၏ အမိန့်သံအဆုံး S.C.I. အဖွဲ့သားများ အသီးသီး ပြေးထွက်သွားကြ၏။ ခန်းမထဲတွင် ကျန်နေသော ရဲများက ဧည့်သည်များကို ဝရုန်းသုန်းကား မဖြစ်စေရန် ထိန်းထားကြ၏။
Zhan Zhao က ကိတ်အလယ်တွင် ထူးဆန်းစွာ ပိတ်မိနေသော အလောင်းကို သေချာကြည့်သည်။ အပေါ်မှ အောက်သို့ သေချာစွာ ကြည့်နေရင်း သွေးများလွှမ်းနေသော ကျောပြင်မှ အင်္ဂလိပ်အက္ခရာ Catch Me က တလက်လက် ထနေ၏။
Pang Ji မှာ သတိလစ်လဲကျ၍ သူ့သား Pang Qingzheng နှင့် ရှေးဦးသူနာပြုများက စောင့်ကြည့်နေကြသည်။
Bai Jintang က ကိတ်မုန့်ထဲရှိ အလောင်းကို ကြည့်ရင်း မျက်မှောင်ကြုံ့နေ၏။ အမြွှာနှစ်ကောင်က သူ့နားကပ်လာ တိုးတိုးလေး ပြောလာ၏။
" အစ်ကိုကြီး... ဟိုတယ်ကိုလေ အပနှင်တဲ့ ဆရာတွေ ပင့်ထားလိုက်ရမလား"Bai Jintang က သူတို့ကို တစ်ချက်ကြည့်လိုက်သည်။ သူ့ဘေးတွင် ရပ်နေသော Gongsun က ကုတ်အင်္ကျီကို ချွတ်၍ အလောင်းရှိရာသို့ ပြေးသွား၏။ သို့သော် တစ်စုံတစ်ယောက်က လှမ်းအော်သည်။
" သူ့နားကို လုံးဝ မကပ်နဲ့...".ထိုစကားနှင့်အတူ Pang Qingzheng က Gongsun ရှေ့ ရပ်ကာ Gongsun ကို လက်ညိုးငေါက်ငေါက် ထိုး၍ အော်၏။
" လူကောင်းတစ်ယောက်လို ဟန်ဆောင်မနေနဲ့... ကျုပ်ညီမကို သတ်တာ ခင်ဗျားပဲ..."
YOU ARE READING
Special Crime Investigation Journal Of Mystery Book 2 - Completed
Mystery / ThrillerOur S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story