Unicode
" ကြောင်လေး မင်းသူ့ကို အိပ်မွေ့ချထားတာ ဖြည်ပေးလို့ မရဘူးလား
ပိုင်ယွိထန်က မေးလိုက်သည်။ကျန်ကျောက်က ခေါင်းရမ်း၏။
" အဲ့ဒီ့တုန်းက အိပ်မွေ့ချတဲ့သူသုံးခဲ့တဲ့နည်းလမ်းကို ငါမသိဘူး.. ငါနိုးလို့မဖြစ်နိုင်.."" ဖိထားလို့တော့ မရနိုင်ဘူးလားး"
တုံးမို့လီက ဝင်မေးသည်။
" အဲ့ဒီတုန်းက လင်းလင်းကို အိပ်မွေ့ချခဲ့သူခိုင်းခဲ့တဲ့ စကားကို အပေါ်ကနေ ထပ်ပြီး မေ့လိုက်ဖို့ အိပ်မွေ့ချလို့်မရဘူးလားဆရာ"ကျန်ကျောက်က မျက်မှောင်ကြုံ့နေသည်။
" မရဘူး.. သူ့ကို အိပ်မွေ့ချထားတာ နှစ်တွေအတော်ကြာနေပြီ သူ့ကိုယ်က အိပ်မက်ထဲမှာမျောနေလို့ စိတ်တွေရှုပ်ထွေးနေမှာ ငါအခု သူ့ကို ထပ်ပြီးခိုင်းလိုက်ရင် သူ့ကိုယ်သူပါ ဆုံးရှုံးသွားလိမ့်မယ်"" သူ့ကိုယ်သူ ဆုံးရှုံးမယ်??"
ပိုင်ယွိထန်က နားမလည်ပေ။" ပြောချင်တာ သူ့ရဲ့ပုံစံအစစ်က လုံးဝပျောက်ကွယ်သွားလိမ့်မယ်"
ကျန်ကျောက်က ရှင်းပြသည်။
" သူ့ကို တခြားသူတစ်ယောက်အဖြစ် လုံးဝပြောင်းလဲလိုက်ဖို့က သူ့ကိုငါ့လက်နဲ့ သတ်တာနဲ့အတူတူပဲ .. အဲ့ဒါက ဖြစ်နိုင်တယ်"ပိုင်ယွိထန်က ခေါင်းညိတ်သည်။
" ဒါပေမဲ့ သူ့အခြေအနေက ပိုစိုးရိမ်ရနိုင်တယ်. သူ့ကို တစ်လှည့်စီ အမြဲစောင့်ရှောက်ဖို့ လူရှာထားလိုက်မယ်"ကျန်ကျောက်က ခေါင်းညိတ်ကာ သူ့လက်ကို ကိုင်ထားသော ရဲ့လင်းကို ပုတ်လိုက်သည်။
" လင်းလင်း ခဏလောက် အနားယူလိုက်ပါလား အဆင်ပြေရဲ့လား"ရဲ့လင်းက ကျန်ကျောက်စကားကို နားထောင်ကာ ခေါင်းညိတ်သည်။
" မိုမို နင်ပြန်တော့မှာလား"ကျန်ကျောက်က ခေါင်းညိတ်၏။
" ငါ လုပ်စရာလေးတွေ ရှိသေးလို့.. နှစ်ရက်သုံးရက်နေရင် လာတွေ့မယ်လေ"ရဲ့လင်းက မလွှတ်ပေးချင်သလို ပြန်မေးသည်။
" နှစ်ရက်သုံးရက်နေမှလား.. နင်ငါ့ကိုအကြာကြီး လာမတွေ့တော့မှာမဟုတ်ဘူးလား"ကျန်ကျောက်က ခေါင်းရမ်းကာ တစ်ချက်ပြုံးပြသည်။
" စိတ်မပူပါနဲ့ သုံးရက်နေရင် ငါပြန်လာခဲ့မယ် ခဏလောက် လိမ်လိမ်မာမာလေး စောင့်နိုင်တယ်မဟုတ်လား"
YOU ARE READING
Special Crime Investigation Journal Of Mystery Book 2 - Completed
Mystery / ThrillerOur S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story