Love Murder 24- မိမိကိုယ်ကို အနိုင်ယူခြင်း

703 113 2
                                    

Unicode

ပိုင်ယွိထန်က အဆိုပါ​အကြောင်းအရာကို အတော်လေးစိတ်ဝင်စား၍ မေးလိုက်သည်။
" အဲ့ဒါ တကယ်ရော အပြင်မှာ ရှိခဲ့လို့လား"

" သက်သေပြစရာ သမိုင်းကြောင်းမှ မရှိတော့တာ"
ကျန်ကျောက်က ပခုံးအသာတွန့်သည်။
" ဒါပေမဲ့ အလယ်ခေတ်ဆိုတာက အမှောင်လောက ကြီးစိုးတဲ့ ကာလလေ... အဲ့ဒီ့အချိန်က မျိုးရိုးမြင့်တွေ အာဏာကြီးသလို စစ်တပ်က အုပ်ချုပ်ခဲ့ကြတာပဲ... မြေတွေ လူတွေအကုန်လုံးကို တော်ဝင်မျိုးနွယ်တွေပဲ ပိုင်ဆိုင်ခဲ့ကြတာ... အဲ့ဒီ့တော့ တော်ဝင်မျိုးနွယ်တွေက လူတွေက အစစ်ဆေး အမေးမြန်းမရှိ သတ်ဖြတ်ခွင့်ရှိတယ်လေ... ပါထောလီက ဒီလောက်နာမည်ကြီးတာ ဖုံးကွယ်ထားတာ သေချာပေါက်ရှိမှာပဲ.... ဒါပေမဲ့ စာပေပညာရှင်တွေက ပါထောလီရဲ့ နာမည်ကြီးမှုကို မကျေနပ်လို့ လုပ်ကြံရေးတာလဲ ဖြစ်ချင်ဖြစ်မှာ သေချာတော့ ပြောလို့မရဘူး"

" အဲ့ဒါဆို ထာဝရရှင်သန်တဲ့ ကိစ္စကရော"
ပိုင်ယွိထန်မေးတော့ ကျန်ကျောက်က အတော်ကြာသည်အထိ တွေးနေသည်။

" ထာဝရရှင်သန်တယ်ဆိုတာထက် ထာဝရနုပျိုတာလို့ ပြောရင် ပိုမှန်မယ်လို့ထင်တယ်... သိပ်တော့မရှင်းဘူး.. ရာဇဝင်တွေအရတော့ အမတ်မကြီး ပါထောလီက အသက်လေးဆယ်ကျော်တာတောင် အသက်၂၀ကျော်လို နုပျို လှပနေတုန်းပဲတဲ့"

" ကျောက်ကျွယ်ကမှ ယုံချင်စရာကောင်းဦးမယ်"
ပိုင်ယွိထန်က ပြန်ပြောသည်။
" အသက်ငါးဆယ်ကျော်တောင်မှ သုံးဆယ်ကျော်လေးလို ဖျတ်လတ်နေတာလေ... အာ.. သူလဲ ယုံချင်စရာမကောင်းဘူးနော်"

" အင်း"
ကျန်ကျောက် အလေးအနက်တွေးနေသည်။
" အမှန်ပဲ"

" ပြီးတော့ ဘာဆက်ဖြစ်လဲ"
ပိုင်ယွိထန်က ကျန်ကျောက်ဘေးမှ ခြင်္သေ့ပေါက်လေးကို ပွတ်သပ်နေသည်။ ခြင်္သေ့လေးက သူ့လက်ချောင်းများကို ခေါင်းနှင့်ပွတ်ရင်း ဆက်အိပ်နေသည်။

" အမတ်ကြီးပါထောလီကို ပြောတာလား"
ကျန်ကျောက်က မေးလိုက်သည်။
" သူက အသက်ရှင်နေတဲ့ လူ့သွေးကိုစုပ်နိုင်တဲ့ လက်နက်ကိရိယာတွေ တီထွင်ခဲ့တာ"

" အော်"
ပိုင်ယွိထန် သေချာရှင်းလင်းသွားသည်။
" ဟို သွေးစုပ်ဖုတ်​ကောင်တွေ ကျန်ခဲ့တဲ့ ပစ္စည်းတွေမလား.. အဲ့ဒါကြောင့်မို့ သူ့ဂုဏ်သရေလို့ ခေါ်တာကိုး"

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now