Love Murder 2- Serial Shots

1.5K 224 5
                                    

Unicode

နာမည်တွေကို Eng လို အရမ်းရှုပ်တယ်ဆိုလို့ ပြန်ပြင်လိုက်ပါတယ်နော်.. အရင်အပိုင်းကိုလဲ ပြန်ပြင်ပေးပါ့မယ် စောင့်နေပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်

.............

ကတ္တီပါနီရောင် ဆိုဖာပေါ်တွင် အနီရောင် laptop လေးတစ်လုံးရှိ၏။ Life of roses ဇာတ်ကားပြသနေသည်မှာ ပြီးလုနီးပါးရှိနေပြီဖြစ်ပြီး ဇာတ်သိမ်းပိုင်းတွင် အထီးကျန်နေသော မင်းသမီးက ဆေးရုံကုတင်ပေါ် လဲလျောင်း၍ သူမဘဝကို ပြန်လည်တွေးတောနေ၏။ ကြေကွဲဖွယ်ရာ နောက်ခံတေးက တိုးညင်းစွာ ပေါ်လာပြီး ဝမ်းနည်းဖွယ်အတိ ဇာတ်ဝင်ခန်းတစ်ခုပင်။

အနီရောင်ခေါင်းအုံးထက်တွင်တော့ အနက်ရောင် ပစ္စတိုတစ်လက် ရှိနေသည်။ ဘေးတွင်တော့ ဖြဲစုတ်ထားသည့် ဓာတ်ပုံတစ်ပုံရှိ၏။ ထို့နောက် အနီရောင် နေကာမျက်မှန်တစ်လက်နှင့် အနီရောင်လက်ကိုင်ဖုန်းတစ်လုံးတို့ ရှိနေသည်။

ဖုန်းမျက်နှာပြင် တုန်ခါလာသည်ကို အချိန်အတော်ကြာ စောင့်စားပြီးမှ အနီရောင် လက်သည်းပိုင်ရှင်က ဖုန်းကိုဖြေ၏။

" ဟယ်လို"
အသံက ချိုမြနေသော်လဲ အနည်းငယ်နွမ်းလျနေဟန်ရှိသည်။

ဖုန်းတစ်ဖက်မှ ​အမျိုးသား၏ စကားဆုံးတော့ နှစ်လိုဖွယ်ရယ်သံလေး ထွက်လာသည်။ ထို့နောက် သူတို့သဘောတူညီမှုတစ်ခု ရလိုက်သည်ထင်၏။

" ကောင်းပြီလေ ခနနေရင် တွေ့တာပေါ့"
ထိုအမျိုးသမီးက ပျော်ရွှင်နေပုံရ၏။
" ရှင့်စကားရှင် တည်ပါစေနော်"

ဖုန်းချပြီးနောက် နီစွေးစွေးနှုတ်ခမ်းတို့က ပြုံးနေရာမှ ပြန်တည်သွားပြီး ပျော်နေပုံရသော မျက်နှာက ပျောက်ကွယ်သွားလေ၏။ ဖုန်းကိုစားပွဲပေါ် တင်ကာ ပစ္စတိုကို ယူ၍ စျေးကြီးပုံရသော အနီရောင်လက်ကိုင်အိတ်ကို ကောက်ကိုင်လိုက်သည်။

ထို့နောက် မျက်မှန်ကောက်တပ်၍ မီးနီနီထွန်းထားသော အခန်းကို ကျောခိုင်း၍ ထွက်ခွာသွားလေသည်။

........

S မြို့၏ အထင်ကရဟိုတယ်တစ်ခုရှေ့တွင် အခင်းဖြစ်ရာတွင် သုံးသည့် ကြိုးအဝါများ ဆွဲထားပြီး ရဲကားများ လူနာတင်ကားများ ရှုပ်နေသည်။ လူတွေကလဲ စုရုံးစုရုံးနှင့် စပ်စုနေကြ၏။

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now