Innocent Mudrder 7- ညစာ စားပှဲ

4.2K 673 34
                                    

Zawgyi

ည ခုနစ်နာရီခွဲ အချိန်တွင် S မြို့တော်၏ Internation Hotel ရှေ့တွင် ကားများ တန်းစီရပ်ထားကြသည်။ ယခင်ပွဲများနှင့် မတူပဲ အပြင်မှာ ရပ်ထားသော ကားများ၏ တစ်ဝက်မှာ ရဲကားများ ဖြစ်ကြ၏။ ထို့အတူ ကားထဲမှ ဆင်းလာကြသူများမှာလဲ ဒိတ်ဒိတ်ကြဲ မင်းသား မင်းသမီးတွေ မဟုတ်ပဲ ရိုးရိုး သာမန်သာ ဆင်ယင်ထားကြသည်။ တောက်တောက်ပြောင်ပြောင် ဝတ်ထားသူ အနည်းငယ် ရှိသော်လဲ ဟော့ဟော့ရမ်းရမ်း မရှိကြ။

ထိုပွဲတွင် သတင်းထောက်များ မရှိသလို ကော်ဇောနီပင် ခင်းမထား။ ကားပါကင်အစောင့် ကောင်လေးများသာ အလွန်အမင်း အလုပ်များနေကြ၏။

Bao Zheng သည် ကားကို ဟိုတယ် အဝင်ဝတွင် ရပ်လိုက်၏။ ကားထဲမှ ဆင်းကာ ဘေးဘီလှည့်ကြည့်သော်လဲ Bai Yutang ၏ မိုင်တစ်ရာမှ လှမ်းမြင်နိုင်သော ပြိုင်ကားကို မတွေ့ရချေ။ Bao Zheng က မျက်ခုံးကျုံ့ကာ နာရီကို ကြည့်၏။ ၇နာရီခွဲရန် တစ်မိနစ်သာ လိုတော့သည်။ Bao Zheng အံကို တင်းတင်းကြိတ်၏။
" ဒီခွေးသားလေးကတော့..."

" Bao Sir.. သူတို့ ရောက်လာကြပြီ"
Lu Fang က ဟိုတယ်ရှေ့မှ လမ်းကို လက်ညိုးထိုးပြသည်။

Bao Zheng လှမ်းကြည့်လိုက်တော့ ကားလေးစီး ရှေ့ဆင့်နောက်ဆင့် ဝင်လာကြ၏။ ရှေ့ဆုံးမှ ကားမှ Bai Yutang ၏ ငွေရောင် ဖွေးလက်နေသော Spyker C8 ပင်။ Bao Zheng တစ်ယောက် မျက်မှောင်ကြုံ့သည်။
" ညစာ စားပွဲလေး တက်ခိုင်းတာကို ဘယ့်နှယ့် လူဆိုးဖမ်းနေသလို လာရတာလဲ"

Lu Fang ကတော့ ထိန်းမရပဲ ရယ်ချလိုက်သည်။

ထိုအချိန်တွင် တခြားဧည့်သည်များလဲ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြ၏။ လူအများစုက Bai Yutang ၏ ပြိုင်ကားဆီမှ အကြည့်မခွာနိုင်ကြပဲ ဘယ်ရုပ်ရှင်မင်းသား ပွဲတက်လာသလဲဟု ငေးမောနေကြသည်။

ကားတံခါး ပွင့်လာကာ ကားထဲမှ လူများ ဆင်းလာကြသည်။

" အာ..."
Bao Zheng မှ စိတ်မထိန်းနိုင်ပဲ သက်ပြင်းအကျယ်ကြီး ချမိသွား၏။

Lu Fang က ရှေ့မှ မြင်ကွင်းကြောင့် ပါးစပ်ကို လက်နှင့် အုပ်ကာ  အူတက်နေသည်။ Bao Zheng နားသို့လဲ ကပ်ကာ တိုးတိုးလေး ပြော၏။
" Bao Sir... S.C.I. အဖွဲ့ လူဆိုးသွားဖမ်းရင်လေ... မိန်းကလေးတွေ အများကြီး ဝိုင်းကြည့်ကြတာ သိရဲ့လား"

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now