Password Killer 20- ကစားပွဲ

1.3K 275 4
                                    

Unicode

  မနက် ၈နာရီခွဲ ပိုင်ချီအလုပ်လာတော့ ကျန်ကျောက်နှင့် ပိုင်ယွိထန်တို့က ရုံးခန်းထဲရှိ ဆိုဖာပေါ် အိပ်ပျော်နေသည်။

ကုန်းစွန်းလဲ ရောက်လာကာ ရေရွတ်၏။
" ဒီနှစ်ယောက် ဘယ်လိုဖြစ်ကြတာလဲ.. မနေ့က ညစာစားပြီး ကားလျှောက်မောင်းကြတယ်ထင်တာ တစ်ညလုံး လျှောက်သွားနေကြတယ်နဲ့တူတယ်"

" ဟင်"
ပိုင်ယွိထန်က နိုးလာပြီး လည်ပင်းပွတ်နေသည်။
" ဘယ်အချိန်ရှိပြီလဲ"

" ကိုးနာရီတောင် ထိုးတော့မယ်"
ဝမ်ချောင်က ပိုင်ယွိထန်ကို ကော်ဖီတစ်ခွက် ကမ်းပေးသည်။
" Bai Sir ညက ဒေါက်တာကျန်နဲ့ ဘယ်သွားကြတာလဲ"

" ငါ မင်းတို့ကို ပြစရာရှိတယ်"
ပိုင်ယွိထန်က သူ့လက်ထဲမှ ဒစ်ဂျစ်တယ်ကင်မရာကို ကျန်းပင်လက် အပ်လိုက်သည်။

" ကွန်ပျူတာနဲ့ ချိတ်လိုက် အတူတူကြည့်ရအောင်"

ကျန်းပင်လဲ ကင်မရာကိုယူကာ ဓာတ်ပုံများကို ဖွင့်လိုက်သည်။
" ဘုရားရေ"
ကျန်းပင်တစ်ယောက် လက်တွေတုန်လာသည်။
" ကြောက်စရာကောင်းလိုက်တာ"

" ဘာကြီးလဲ"
ပိုင်ချီလေးက စပ်စပ်စုစုနှင့် ရှေ့တိုးလာကာ ဓာတ်ပုံများကို ကြည့်လိုက်သည်။ တစ်ပုံက သင်္ချိုင်းမှ ထွက်လာသော လျို့ဖန်ပုံဖြစ်ပြီး နောက်တစ်ပုံကတော့ ချန်ကျန်းရှန်နှင့် လျို့ဖန်တို့ နာမည်နှင့် ကျောက်တိုင်နှစ်ခုဖြစ်သည်။

" လျို့ဖန်က ဘာလို့ သူ့အုတ်ဂူသူ လုပ်ထားတာလဲ"
ကျောက်ဟူက မျက်မှောင်ကြုံ့၏။

" ချန်ကျန်းရှန်က အရူးဦး​လေးကြီး မဟုတ်ဘူးလား
သူ့ကျောက်တိုင်ရော ဘာလို့ရှိနေတာလဲ"
မာဟန်က တွေတွေဝေဝေ မေးလိုက်သည်။

" ကြောင်လေးနဲ့ ငါ ဒီနေ့လည် လျို့ဖန်ရဲ့ အိမ်ကို သွားမလို့"
ပိုင်ယွိထန်က ပြောလိုက်သည်။
" ဒါပေမဲ့ ကျန်းချန်ချီက သူ့သားကို ဒီမနက်ခေါ်လာခဲ့မယ် ပြောထားတာ"

" အခုထိတော့ မလာသေးဘူး.. သူ့သားကို သူမနိုင်ဘူးလို့ ထင်တာပဲ"
ကျန်းပင်က သက်ပြင်းချသည်။
" ဆယ်ကျော်သက်ကောင်လေးတွေ ပြဿနာနဲ့တူတယ်"

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now