KILLER VS KILLER 14 - ဝံပုလွေ လိုက်ဖမ်းခြင်း

2K 399 9
                                    

Zawgyi


ဝံပုလွေ မွေးမြူထားသော တိုက်တစ်တိုက်လုံးကို တစ်ပတ်ပတ်ကြည့်ပြီးနောက် Zhan Zhao က နံရံတစ်ခုရှေ့တွင် ရပ်လိုက်သည်။ တစ်ခန်းလုံးတွင် သူ့ရှေ့နံရံပေါ် ချိတ်ထားသော ပန်းချီကားတစ်ချပ်မှလွဲ၍ ဘာမှရှိမနေပေ။ ထိုပန်းချီကားမှာလဲ ဘာပုံရယ်လို့ သီးသီးသန့်သန့် မရှိပဲ မျဉ်းကြောင်းများ လိုက်ခြစ်ထားသည်နှင့် တူနေ၏။

" ကြောင်လေး... ဒီပန်းချီကားက တစ်ခုခုမှားနေလားလို့"
Bai Yutang ကလဲ ရောက်လာကာ မေးလိုက်သည်။

" အင်း "
Zhan Zhao က ဖြည်းဖြည်းလေးလေး ခေါင်းယမ်းသည်။
" ဘာမှန်းတော့ မသိပေမဲ့ တစ်ခုခုတော့ ထူးဆန်းနေတယ်".

" ပန်းချီကားကို ယူလာခဲ့လိုက်ပါ"
Zhan Zhao က ဘေးနားတွင်ရှိနေသော မှုခင်းဆေးတပ်သားတစ်ယောက်ကို ပြောလိုက်သည်။
" ပြီးတော့ ရှာလို့ရသမျှ စက္ကူစတွေပါ သယ်ခဲ့ပါ"

မှုခင်းဆေးတပ်ဖွဲ့ဝင်များက ကျန်ခဲ့သည့်ပစ္စည်းများကို ဂရုတစိုက် သယ်လာကြသည်။ Bai Yutang ကတော့ Zhan Zhao ကို ဆွဲ၍ တိုက်ခန်းထဲမှ ထွက်လာကာ Luo Tian ကိုပါ ခေါ်ရင်း Ai Hu တို့ လူကယ်ခဲ့သော ကားဂိုဒေါင် မြေအောက်ခန်းသို့ ထွက်သွားလေ၏။

ကားဂိုဒေါင်ရှိရာ စက်ရုံရှေ့သို့ရောက်တော့ Ai Hu က ထိုနေရာကို လူများ ချကာ အစောင့်ထားထားသည့်အပြင် ရဲကြိုးအဝါပါ တားထားသည့်အတွက် လူအများ စိတ်ဝင်စားမှုကို ခံနေရသည်။

Bai Yutang က သူ့ကိုယ်သူ ဂုဏ်ယူကာ အပြေးလာသော Ai Hu ကို စိတ်ပျက်လက်ပျက်ကြည့်သည်။
" ဒီကောင်လေးကတော့လေ... အတော်လေး ဇာချဲ့တာပဲ... Resident Evil ကား ရိုက်နေတာမှ မဟုတ်တာ"

"Bai Sir... ကျွန်တော့်ကို အရင်မပြောပါနဲ့ဦး... အထဲမှာ တကယ်ကြောက်စရာကြီး...ကျွန်တော့်ကို မယုံရင် သွားကြည့်ကြည့်လေ......"
Ai Hu က ပြောရင်းဆိုရင်း လူအနည်းငယ်ခေါ်ကာ အထဲဝင်သွားသည်။

" လူသုံးယောက်ကို ကယ်ခဲ့တာ ဒီနေရာလား"
Zhan Zhao က မေးလိုက်သည်။

" ဟုတ်ပါတယ်"
Ai Hu က ပြန်ဖြေ၏။
" အတော်လေးတော့ ကြောက်ဖို့ကောင်းတယ်... ဒါပေမဲ့ သူတို့အကုန်လုံးက သတိလစ် နေတာဆိုတော့..."

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now