Killer's Password 3- အကြောင်းရင်း

1.9K 343 9
                                    

Unicode

ကျန်ကျောက်နှင့် ပိုင်ယွိထန်တို့ SCI သို့ ပြန်လာကြသည်။ မာဟန်က တိုက်ပေါ်မှ ခုန်ချသွားသည့်လူနှင့် ရွှီကျုန်းတို့၏ သတင်းအချက်အလက် အပြည့်အစုံကို သတင်းပို့သည်။ တိုက်ပေါ်မှ ခုန်ချသွားသည့်လူမှာ ဝူချန်းလျန်ဟုခေါ်သည့် ရုံးဝန်ထမ်းတစ်ဦးဖြစ်သည်။ မားကတ်တင်းဌာနတွင် အလုပ်လုပ်သူဖြစ်ပြီး မကြာသေးခင်ကမှ ကုမ္ပဏီက ဝန်ထမ်းများ တာဝန်ခဏရပ်ဆိုင်းသည့်အတွက် သူလဲ ရပ်ဆိုင်းခံလိုက်ရသည်။ အသက်ကြီးကာ ရိုးအသူဖြစ်သည့်အတွက် ဘာမှမလုပ်တတ်ပဲ ခက်ခဲနေသည့်အချိန်လဲဖြစ်၏။ ထို့ကြောင့် သူအလုပ်လုပ်ခဲ့သော ကုမ္ပဏီထဲ အတင်းတိုးဝင်ကာ ပြတင်းပေါက်နားသွားနေရင်း  စကားတစ်ခွန်းမှ မပြောပဲ ခုန်ချခဲ့သည်။

" ပြတင်းပေါက်နားသွားရင်းနဲ့ ခုန်ချလိုက်တယ်လား"
ပိုင်ယွိထန်က မေးသည်။

" ဟုတ်တယ်"
ဝမ်ချောင်က ခေါင်းညိတ်သည်။
" ဝန်ထမ်းတွေပြောစကားအရတော့ ဒီအတိုင်းခုန်ချသွားတာပဲတဲ့"

" သူ့ဖုန်းရော ရှာတွေ့လား"
ကျန်ကျောက်​က ရုတ်တရက်မေးသည်။

" တွေ့တော့တွေ့ပါတယ်.. ဒါပေမဲ့ ပြုတ်ကျတာ တစ်စစီပဲ"
ကျန်းလုံက သက်သေခံပစ္စည်းအိတ်ကို မြှောက်ပြသည်။ ဖုန်း၏ အတွင်းမှ ဝိုင်ယာများ ဘထ္ထရီများ တစ်ခုစီ ကွဲနေသည်။

ကျန်ကျောက်က ထပ်မေး၏။
" ဖုန်းက သူ့အိတ်ထဲမှရှိနေတာလား အပြင်မှာရှိနေတာလား"

" အပြင်မှာရှိနေတာပါ"
ကျောက်ဟူက ပြုံး၍ ပြောသည်။
" ဘေးက ဝန်ထမ်းတွေကိုမေးကြည့်တော့ ဖုန်းကို ကိုင်ထားခဲ့တာတဲ့"

" တော်တယ်"
ပိုင်ယွိထန်က ကျောက်ဟူကို ခေါင်းညိတ်ပြ၍ ကျန်ကျောက်က်ို ကြည့်သည်။

ကျန်ကျောက်က တစ်စစီဖြစ်နေသည့် ထိုဖုန်းကိုကြည့်နေရင်းမှ ကျန်းပင်ကို ပြောသည်။
" သူ့ဖုန်းနံပါတ်ကနေ ဆက်ထားတာ သူ့ကိုဖုန်းခေါ်ထားတာ ဘာတွေပြောထားလဲဆိုတာ စစ်ပေး"

" အိုခေ"
ကျန်းပင်၏ လက်များက ကီးဘုတ်ပေါ် ရောက်သွားကြသည်။ ကျန်ကျောက်နှင့် ပိုင်ယွိထန်က ဆိုဖာပေါ် ထိုင်ချလိုက်သည်။ သူတို့နှစ်ယောက် ထိုင်လိုက်ချိန်တွင် ပိုင်ချီက မစ်ရှိတ်နှစ်ခွက် လာချပေး၏။

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now