Love Murder 01 - ကော့တေးတစ်ခွက် အမျိုးသမီးတစ်ဦး

1.8K 257 39
                                    

Unicode

S မြို့တွင် ဆောင်းဦးကုန်စဖြစ်၍ တဖြည်းဖြည်း အေးစက်ခြောက်သွေ့လာလေရာ လမ်းဘေးတစ်လျှောက်ရှိ သစ်ပင်တို့မှ ရွက်ဝါများ ​ကြွေကျလာကာ အပင်ခြေများတွင် ရွက်ခြောက်များ ပြည့်နှက်နေသည်။

အနီရောင် မေပယ်ရွက်များလဲ ​အများနည်းတူ ကြွေကျနေရှာ၏။

မြို့လယ်ကောင်ရှိ ခန်းမတစ်ခု၏ မျက်နှာချင်းဆိုင်တွင် နေ့ခင်းဘက်သာဖွင့်သည့် ဘားတစ်ခုရှိသည်။

ထိုဘားရှိ ကော့တေးမှာ မြို့သူမြို့သားများအကြား အတော်လေးနာမည်ကြီး၏။ အသီးအရသာပြည့်သော ကော့တေးအပြင် အနောက်တိုင်းမုန့်မျိုးစုံရ၍ အပြင်အဆင်လှသော ထိုဆိုင်လေးက လူငယ်စုံတွဲများ အသွားအလာများသော နေရာတစ်နေရာလဲ ဖြစ်လေသည်။

ပြတင်းပေါက်နားရှိ စားပွဲတွင် အနီရဲရဲ ဂါဝန်နှင့် အလွန်လှသောအမျိုးသမီးတစ်ဦး ထိုင်နေ၏။ ဆိုင်ထဲ ဝင်ထွက်သွားလာနေသော ချစ်စဖွယ် မိန်းကလေးငယ်များနှင့် ခြားနားစွာ ထိုအမျိုးသမီးက  ကိုယ်နေဟန် တောင့်ဖြောင့်သလို ဖြူဖွေးသောအသားအရည် မည်းနက်ခွေလိမ်နေသော ဆံပင်ရှည်များနှင့် ကြည်လင်နေသော မျက်နှာအမူအရာတို့က ကျက်သရေအပြည့်ရှိမှုကို ဖော်ပြနေ၏။

လူမြင်ကွင်းနှင့် သိပ်မနီးသော ထောင့်စားပွဲတွင် ထိုင်နေသော်ငြား ဆိုင်ထဲဝင်ထွက်နေသည့် ပုရိသအတော်များများ၏ အာရုံကို အပြည့်အဝဖမ်းစားထားလေ၏။

သို့သော် ထိုအမျိုးသမီးက ဝိုင်နီခွက်ကို ကိုင်ရင်း ဘားထဲကိုသာ ငေးကြည့်နေသည်။

ထိုအမျိုးသမီး၏အကြည့်နောက် လိုက်သွားပါက ဘားကောင်တာရှေ့တွင် ထိုင်နေသော အမျိုးသားတစ်ဦးကို တွေ့ရပေလိမ့်မည်။ ထိုအမျိုးသားကို သေချာကြည့်ရင်တော့ အကြောင်းရင်းကို နားလည်သွားမည်ထင်ပါသည်။

ချောမောသည်ထက် မိုက်သည်ဟု ဆိုပါက ပိုမှန်ပေလိမ့်မည် သာမန်ထက်အနည်းငယ်ရှည်လျားသည့် ဆံနွယ်ရိုင်းတို့ ခပ်ဝဲဝဲကျနေကာ အဖြူရောင် ဂျင်းဂျာကင်ကို အဖြူရောင် ဂျင်းပင်အတိုနှင့် တွဲဝတ်ထားသည်။  အချိန်တွေပေါနေသည့်အလား Menu ကို အေးဆေးစွာကြည့်ရင်း လက်ထဲမှ tequila နှင့်အရောင်တူသော အချိုရည်ကို တစ်ငုံချင်း သောက်နေသည်။

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now