Love Murder 04 - တရားခံ

1K 181 13
                                    

Unicode

" ကြောင်လေး.. ပင်ပန်းနေပြီလား"
ပိုင်ယွိထန်က အိမ်ရှေ့တွင် ကားရပ်ပြီးနောက် ထိုင်ခုံကို မှီနေသည့် ကျန်ကျောက်ကို ကြည့်လိုက်သည်။ အတော်လေး နွမ်းနွယ်နေပုံရ၏။

" ဟင်"
ကျန်ကျောက်က ပိုင်ယွိထန်ကို ပြန်ကြည့်သည်။
" မပင်ပန်းပါဘူး.. ဇက်ကြောနည်းနည်းတက်နေလို့"

ပိုင်ယွိထန်က တိုက်ခန်းအောက်မှ ကားပါကင်တွင် ကားရပ်၍ ကျန်ကျောက်ပခုံးကို လက်နှင့် နှိပ်ပေးရင်း ပြုံးပြုံးကြီး ဆိုလေသည်။
" ကြောင်လေး.. ငါ့လက်တွေက တော်တော်ပေါက်တာသိလား.. ငါ ပြုစုပေးတဲ့နည်းတစ်ခုကို သေချာသင်ထားတာ ဆရာတောင်ဖြစ်တော့မယ် .. အခန်းထဲပြန်ပြီး စမ်းကြည့်ကြမလား"

ကျန်ကျောက်က မျက်လုံးလေးကျုံ့ကာ ကြည့်ရင်း တံခါးဖွင့်လိုက်သည်။
" အင်းလေ.. မင်းကိုယ်တိုင်ပြောတာနော်.. ငါ ရေချိုးပြီးမှ မင်း ဘယ်လောက်တော်လဲ ကြည့်ကြသေးတာပေါ့"

ပိုင်ယွိထန်က ကားနောက်ခန်းထဲမှ ကိတ်နှင့် ဝိုင်ကို လှမ်းယူသည်။
" ကဲ မွေးနေ့ပွဲ ကျင်းပကြရအောင်"

ကျန်ကျောက်က ကားဘေးတွင်ရပ်၍ ပိုင်ယွိထန်လက်ထဲမှ ပစ္စည်းများ ကူသယ်ပေးရန် စောင့်နေစဥ် ရုတ်တရက် လူရိပ်တစ်ရိပ်ကို မျက်လုံးထောင့်မှ လှမ်းမြင်လိုက်၏။ လှည့်ကြည့်လိုက်တော့ သူ့မျက်လုံးရှေ့ အနီရောင်ပုံရိပ်တစ်ခု ဝင်ရောက်လာသည်။

ပိုင်ယွိထန်လဲ ကျန်ကျောက်အနားရောက်လာကာ အနောက်မှ လှမ်းဆွဲလိုက်၏။ ထို့နောက် အနီရောင်ဂါဝန်ဝတ်ထားသော အမျိုးသမီးတစ်ဦး ပြေးလာသည်ကို တွေ့လိုက်ရလေသည်။ ထိုအမျိုးသမီးက ပြေးလာသည်ဟုသာ ဆိုရသော်လဲ ထော့နဲ့ထော့နဲ့နှင့် သူ့နောက်တွင်လဲ သွေးစီးကြောင်းကြီးကျန်ခဲ့သည်။ သွေးတွေအများကြီး ထွက်နေခဲ့လေသည်။

ကျန်ကျောက်နှင့် ပိုင်ယွိထန်တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီးနောက် ပစ္စည်းများကို ကားပေါ်ပြန်တင်ကာ ထိုနေရာကို ပြေးသွားကြသည်။

" မိန်းကလေး.."
ကျန်ကျောက်က အနားတွင် ဆောင့်ကြောင့်ထိုင်ကာ ကြည့်လိုက်တော့ ထိုအမျိုးသမီးမှာ သေနတ်ဒဏ်ရာအများအပြားရှိနေပြီး သွေးများစိမ့်ထွက်နေသည်။

Special Crime Investigation Journal Of Mystery Book 2 - CompletedOù les histoires vivent. Découvrez maintenant