KILLER VS KILLER 25 နတ်ဆိုး

2.2K 383 25
                                    

Zawgyi

နာမည်တွေက ရုတ်တရက်ကြီး မြန်မာလိုဖြစ်သွားလို့ မမှတ်မိသေးဘူးဆိုရင် ကျွန်တော် ပြန်တွဲပေးပါ့မယ် အစပိုင်းမို့လို့ နည်းနည်းထောက်နေတာပါ နောက်ကျ အဆင်ပြေသွားပါလိမ့်မယ်

Bai Yutang - ပိုင်ယွိထန်
Zhan Zhao- ကျန်ကျောက်
Bai Jintang - ပိုင်ကျင်းထန်
Gongsun Ce- ကုန်းစွန်းချဲ့
Bai Chi- ပိုင်ချီ
Zhao Wei- ကျောက်ဝေ
Zhao Jue- ကျောက်ကျွယ်
Ma Han- မာဟန်
Wang Chao- ဝမ်းချောင်
Zhao Hu -ကျောက်ဟူ
Bao Zheng- ပေါင်ကျန့်
Benjamin- ဘန်ဂျမင်း
Luo Yang- လော့ယန်
Luo Tian- လော့ထျန်

main character တွေကိုတော့ ရေးထားတာပဲ မှတ်မိသလောက် တကယ်လို့ မေးချင်တာရှိရင်လဲ ပြောပါဦး ထပ်ဖြည့်ပေးပါ့မယ် pinyin ကနေ မြန်မာပြန်တာက မှန်တယ်မှားတယ်ရယ်လို့တော့ မရှိပါဘူး ကျွန်တော်ပြန်တာကလဲ အနီးစပ်ဆုံးကိုပဲ ယူထားတာပါ ဒီအတိုင်းကြီးပဲလဲ ထွက်ရတာမဟုတ်ဘူး ကြားထဲက အသံလို့ပြောရမလား Bai ဆို ဘိုင်နဲ့ ပိုင်ကြားထဲက အသံလိုမျိုး တကယ်လို့ ကျွန်တော့်နာမည်တွေက အရမ်းကွဲနေရင်တော့ လာပြောပေးပါဦး အခုက တော်တော်များများက နာမည်ကို pinyin လိုရေးရင် ထောက်တယ်ပြောလို့ ပြောင်းလိုက်တာပါ အချိန်ရရင် ရသလို အရင်ကဟာတွေကိုပါ စာစစ်ရင်း ပြန်ပြောင်းမှာမို့လို့ နောက်ကျရင် အသားကျသွားမှာပါ

..........

ပိုင်ယွိထန်က မျက်မှောင်ကြုံ့၍ကြည့်လာသော ဘန်ဂျမင်းကို မြင်တော့ လှောင်ရယ်ရယ်ရင်း မတ်တပ်ရပ်ကာ ပြန်ထွက်ရန်ပြင်သည်။

" ဆုံးဖြတ်ချက် ခပ်မြန်မြန်လေးချတာတော့ ပိုကောင်းလိမ့်မယ်"
ဘန်ဂျမင်းက ပိုင်ယွိထန်ကို ပြော၏။
" မင်းတို့မှာ အချိန်သိပ်မရှိတော့ဘူး"

ပိုင်ယွိထန်က ထိုနေရာတွင် ရပ်ကာ အပြင်လဲ မထွက်တော့ပဲ ဘန်ဂျမင်းကို စိုက်ကြည့်၏။

" ရှောင်ပိုင် ဒေါသထွက်နေတာပဲ"
တံခါးအပြင်ဘက်မှ ကျန်ကျောက်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
" ရိုက်ပစ်လိုက် ရှောင်ပိုင်.. ငါ သူ့ကို သည်းခံတာ များနေပြီ"

SCI တစ်ဖွဲ့လုံးက ကျန်ကျောက်ကို လှမ်းကြည့်လိုက်ကြသည်။ တကယ်တော့ သူတို့လဲ ဘန်ဂျမင်းကို ရိုက်စေချင်ကြသည်။ တော်တော်စိတ်ရှုပ်စရာကောင်းသော အကျဉ်းသားပင်။

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now