Innocent Murder 18 - သတိပေးချက်

4.2K 620 31
                                    

Zawgyi

Bai Chi နှင့် Luo Tian တို့က ဘိုးဘွားရိပ်သာသို့ သွား၍ စုံစမ်းကြသည်။ ထိုနေရာတွင် လုပ်အားပေးကြသော လူငယ်များအား Wang Liyong ဟူသော ရဲသားလေးအား သိလားဟု မေးမြန်းကြ၏။

လူငယ်များက ခေါင်းညိတ်ကာ ထိုရဲသားလေးက Zou Mo ဟူသော အဖိုးကြီးတစ်ယောက်အား ခဏခဏ လာပြုစုပေးကြောင်း ဆို၏။

"Zou Mo??.."
Bai Cji က မေးလိုက်သည်။
" ကျွန်တော်တို့ သူ့ကို မေးခွန်းလေး မေးချင်လို့..  ခေါ်သွားပေးလို့ ရမလား"

လူငယ်များက ရယ်လိုက်ကြ၏။
" သူ့ကို မေးခွန်း မေးမလို့လား... သူ့ဆီက ဘာမှ ထွက်လာမှာ မဟုတ်ဘူး"

" ဘာကို ပြောချင်တာလဲဗျ"
Luo Tian က ပြန်မေးလိုက်၏။

" အဲ့ဒီအဖိုးကြီးက နားလဲ မကြားရဘူး... စိတ်လဲ သိပ်မကောင်းတဲ့အပြင် ဒုက္ခိတ ဖြစ်နေတာလေ..."

" ဘယ်လို.."
Bai Chi က အံ့သြသွား၏။
" ဘယ်လိုလုပ်ပြီး..."

" ဝဋ်ပေါ့ဗျာ..."
လူငယ်လေးတစ်ယောက်က သက်ပြင်းချ၏။
" ငယ်ငယ်တုန်းက လုပ်ခဲ့တဲ့ မကောင်းမှုတွေက ကြီးလာတော့ အကျိုးပြန်ပေးတာပေါ့... တကယ်လို့ သူက ဝဋ်ကြွေးမဆပ်ရရင်တောင် သူ့မျိုးဆက်က ဆပ်ပေးရမှာပဲလေ..."

" သူ ငယ်ငယ်က ဘာတွေ လုပ်ခဲ့လို့လဲ"
Luo Tian က မေးလိုက်သည်။

" လူတွေ သတ်ခဲ့တာလေ..."
လူငယ်အများကြီးက ဖြေ၏။
" ကျွန်တော်တို့ ကြားဖူးတာကတော့ သူငယ်ငယ်က လူတွေ အများကြီးကိုလဲ သတ်တယ် ပြစ်မှုမျိုးစုံလဲ ကျူးလွန်ခဲ့ဖူးတယ်တဲ့...နောက်ပိုင်းကျတော့ ထောင် တစ်သက်တစ်ကျွန်းကျသွားတယ်... ဒါပေမဲ့ ထောင်ထဲမှာ နေရင်း လေဖြတ်လာတော့ လွတ်သွားပြီး ဒီကို ရောက်လာတာ.. သေဖို့ပဲ စောင့်နေတာပေါ့လေ... ဘယ်သူမှလဲ သူ့ကို လာမတွေ့ကြဘူး... ရဲသားလေးတစ်ယောက်နဲ့ သူ့ရည်းစားကောင်မလေးကလွဲလို့ပေါ့..."

" သူ့မှာ ရည်းစားရှိတယ်??"
Bai Chi က အံ့အားသင့်နေ၏။
" သူ့ရည်းစားက ဘယ်လိုပုံမျိုးလဲဆိုတာ ခင်ဗျားတို့ မှတ်မိလား"

လူငယ်များက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခေါင်းညိတ်ကြ၏။
" မှတ်မိတာပေါ့... ကောင်မလေးက မိတ်ကပ်တွေ အများကြီးလူးထားပေမဲ့ လှပါတယ်..."

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now