KILLER VS KILLER 21 - ရည်ရွယ်ချက် အစစ်အမှန်

2K 396 31
                                    

Zawgyi

ဂျစ်ကားထဲမှ လူအချို့ ခဏတော့ ဗြောင်းဆန်သွားကြသော်လဲ သေချာလေ့ကျင့်ထားသူများဖြစ်၍ အချိန်တိုအတွင်း အခြေအနေကို ထိန်းချုပ်နိုင်သွားသည်။ ကားထဲမှ ထွက်ကာ ရပ်ထားသော ကားနောက် ပြေးပုန်းကြရင်း တစ်ယောက်က ဖုန်းလှမ်းခေါ်သည်။
" Zhan Zhao က ထွက်ပြေးသွားပြီ... Bai Yutang ပဲ ကျန်ခဲ့တာ"

တစ်ဖက်မှလူက အသံလေးလေးနှင့် ပြန်ဖြေ၏။
" မင်းတို့ အသက်ရှင်ချင်သေးရင် Bai Yutang ကို ဖမ်းခဲ့"

" ကျွန်တော်တို့ မနိုင်လောက်ဘူး"
ထိုလူက ထပ်ပြောသည်။
" သူက ထင်ထားတာထကိ အရမ်းတော်နေတယ်"

" အလယ်လမ်းကို မျှားခေါ်လာခဲ့"
ထိုလူက စကားခဏရပ်ကာ စဉ်းစားပြီး ထပ်ပြော၏။
" မထိခိုက်စေနဲ့နော်.. ငါသူ့ကို အရှင်လတ်လတ်ပဲ လိုချင်တယ်...."

" ဟုတ်ကဲ့ပါ"
ထိုလူက ဖုန်းချကာ သူ့လူတွေအကုန်လုံးကို အချက်ပြလိုက်တော့ လူအုပ်ကြီးက လက်ထဲတွင် လျှပ်စစ်တုတ်များကိုင်၍ တစ်နေရာစီ ဖြန့်ကျက်ရင်း Bai Yutang ကို ဝိုင်းထားကြသည်။

Bai Yutang က ဘေးပတ်ပတ်လည်ကို သေနတ်နှင့် ချိန်နေရင်း ထိုသူတို့ လက်ထဲမှ လျှပ်စစ်တုတ်ကို တွေ့လိုက်ရ၍ သူ့ကို အရှင်ဖမ်းမည်ဖြစ်ကြောင်း သိလိုက်ရသည်။

Zhan Zhao မှာ ကားနောက်မှန်မှ Bai Yutang ကို လှမ်းမြင်၍ မရတော့ပေ။ သို့သော် အရှေ့ဘက်မှ အမြွှာညီနောင်နှင့် Bai Jintang စီးလာသည့် ကားနောက်တွင် Zhao Wei၏ ကားကိုပါ တွေ့လိုက်ရသည်။

" ကားရပ်လိုက်"
Zhan Zhao က ကားဆရာကို လှမ်းအော်တော့ ကားဆရာလဲ ကြောက်ကြောက်လန့်လန့်နှင့် ကားရပ်ပေးလိုက်သည်။ Zhan Zhao ကားထဲမှ ဆင်းချိန်တွင် Bai Jintang နှင့် အမြွှာညီနောင်တို့ကားက သူ့ဘေးမှ ဖြတ်သွား၏။ အနောက်မှ Zhao Wei ကားက သူ့ဘေးတွင် လာရပ်တော့ Zhan Zhao က ကားပေါ်တက်သည်။
" သူတို့ဆက်လိုက်မလာတော့ဘူး... သူတို့လိုချင်တာ Xiao Bai  ကိုပဲ"

Zhao Wei က လီဗာကို ဆောင့်နင်းသည်။
" ဒီလူတွေ အတော်လေးရဲတင်းနေတာပဲ..."

Bai Yutang က သူ့နားကပ်လာသော သူများကို တစ်ချက်ကြည့်ကာ မညှာတော့ပဲ သေနတ်နှင့် ပတ်ပတ်လည် ပစ်လိုက်သည်။ သူ့ထံပြေးဝင်လာနေသော လူအတော်များများ သေနတ်ဒဏ်ရာကြောင့် လဲကျကုန်၏။

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now