Love Murder 25- အမှန်တရား သို့မဟုတ် လိမ်လည်ခြင်း

712 130 3
                                    

Unicode

နောက်တစ်နေ့ မနက် ကျန်ကျောက်နိုးလာသည့်အချိန် ပိုင်ယွိထန်မှာ ကုတင်တိုင်ကိုမှီရင်း တရေးအိပ်ပျော်နေသည်ကို တွေ့ လိုက်ရသည်။

ငုံ့ကြည့်လိုက်တော့ ခြင်္သေ့ပေါက်လေးက သူ့အမြီးသူ ကိုက်နေသည်။ ကျန်ကျောက်နိုးနေသည်ကိုတွေ့တော့ အနားတိုးလာကာ ကျန်ကျောက်ပွတ်သပ်ပေးသည်ကို ခံနေသည်။ ကျန်ကျောက်က ပိုင်ယွိထန်ကို ကြည့်သည်။

" ရှောင်ပိုင်.. မင်း မျက်ကွင်းတွေ ညိုနေတယ်"

ပိုင်ယွိထန်က ကျန်ကျောက်ကို မကျေမနပ်ကြည့်သည်။

ကျန်ကျောက် မျက်လုံးပြူးကာ အံ့ဩသွားသည်။
" အန်တီက မင်းကို ဒီလောက်အကြာကြီး ဆူနေတာလား"

ပိုင်ယွိထန်က သူ့နားသူ ကိုင်ထား၏။
" နားတွေတောင် အူနေတယ်"

" ခဏလောက်ဖြစ်ဖြစ် အိပ်လိုက်ဦးလေ"
ကျန်ကျောက် ပြောတော့ ပိုင်ယွိထန်က ခေါင်းရမ်းသည်။

" အဖေက ငါ့ကို အိမ်ပြန်လာခဲ့တဲ့... DNA စစ်မယ်တဲ့... ငါက အဖေ့သားအရင်းမဟုတ်ရင် အသတ်ခံရမယ်လို့ အဖေက ပြောတယ်... အဖေ့သားအရင်းဆိုလဲ အသတ်ခံရမှာပဲ"

ကျန်ကျောက် ရယ်ရခက်ငိုရခက်ဖြစ်နေသည်။
" ဘာလို့ မင်းကိုပဲ သတ်ရမှာလဲ"

ပိုင်ယွိထန်က ကျန်ကျောက်နားကပ်၍ ဖက်လိုက်သည်။
" ကြောင်လေး"

ကျန်ကျောက်ကလဲ နှစ်သိမ့်သလို ပြန်ပုတ်ပေးနေသည်။

ထို့နောက် နှစ်ယောက်သား ကိုယ်လက်သန့်စင်၍ အင်္ကျီလဲသည်။ ကျန်ကျောက်က ခြင်္သေ့ပေါက်လေးကို ပွေ့၍ အိမ်အောက်ထပ် ဆင်းလာသည်။ အိမ်စေတစ်ယောက်က ကျန်ကျောက်လက်ထဲ နို့ဘူးထည့်ပေးသည့်အတွက် ကျန်ကျောက်က ခြင်္သေ့ပေါက်လေးကို အစာကျွေးနေသည်။

အိမ်တော်ထိန်းက ကျန်ကျောက်နှင့် ပိုင်ယွိထန်တို့ကို တိုးတိုးလေး လာပြောသည်။
" ခြင်္သေ့ပေါက်လေးက တစ်နေ့လေးကြိမ် နို့သောက်ပါတယ်... ပြီးတော့ ရိုးရှင်းတဲ့ အစားအစာလေးတွေ ဥပမာ အသားပြားအစိမ်းတို့ဘာတို့ စားနိုင်ပါတယ်... ဒါပေမဲ့ အများကြီးတော့ စားလို့မရဘူး"

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now