Love Murder 23 - ပါထောလီ

697 114 1
                                    

Unicode

ကျောက်ကျွယ်က သူပြောချင်သည့်စကားအဆုံး ဘာမှဆက်မပြောတော့ပဲ ပြတင်းပေါက်နားရပ်ကာ ကျန်ကျောက်ကိုသာ စိုက်ကြည့်နေသည်။ သူတို့နှစ်ယောက်က စိတ်ချင်းပြိုင်ဆိုင်နေပုံရကာ လေထုက နည်းနည်းလေး တင်းကြပ်နေ၏။

ပိုင်ယွိထန်က ကျန်ကျောက်ကိုကြည့်ရင်း စိတ်ပူလာသည်။ ဟိုးအရင်က ကျန်ကျောက်မှာ သူ့ကိုယ်သူ သူ့အဖေ၏ သားအရင်းမဖြစ်နိုင်ဟု ထင်ခဲ့၍ အတော်လေးစိတ်ဓာတ်ကျကာ နာကျင်ခဲ့ရသည်။ အဆိုပါ နာကျင်မှု၏ အတိုင်းအတာကို သူ သိနေ၍ ကျန်ကျောက်က ပိုင်ယွိထန်ကို သူ့လို မခံစားစေချင်။ ထို့ကြောင့် ကျောက်ကျွယ်ကို အတော်မကျေမနပ် ဖြစ်နေခြင်းပင်။

ကျောက်ကျွယ်ကလဲ အေးစက်စွာနှင့် စိုက်ကြည့်နေသည်။

ပိုင်ယွိထန်က ကျောက်ကျွယ်ကိုတစ်ချက်ကြည့်ရင်း ကျန်ကျောက်ကို ကျောက်ကျွယ် မနာလိုဖြစ်နေသည်ကို ခံစားမိလိုက်ရသည်။

ကျောက်ကျွယ်နှင့် ကျန်ကျောက်တို့နှစ်ယောက်လုံးက ဉာဏ်ပညာ အတတ်ပညာ အတူတူနီးပါးရှိသော်လဲ ကျောက်ကျွယ်၏ အခြေအနေက နည်းနည်းလေး သနားစရာကောင်းနေသည်။ ကျန်ကျောက်ကို ကာကွယ်ပေးမည့်သူများ နေရာတကာတွင် ဝိုင်းနေသလို လူကြီးများကလဲ အမှန်တရားဆိုသည်က နာကျင်မှာစိုး၍ ဖုံးပေးထားကြသည်။ ကျောက်ကျွယ်၏ အမြင်တွင် အမှန်တရားကို ဖုံးပေးရန် မသင့်တော်ဟု တွေးနေလိမ့်မည်။ ပိုင်ယွိထန် ခေါင်းရမ်းလိုက်သည်။ ကျန်ကျောက်က ကျောက်ကျွယ်ကို မုန်းနေသလို သူလဲ မုန်းနေ၏။ တကယ်တော့ သူတို့နှစ်ယောက် ပျော်ပျော်ပါးပါးနှင့် ဘဝကို ဖြတ်သန်းခဲ့ကြရသည်။ ကျောက်ကျွယ်ရောက်မလာခင်အချိန်အထိ သူတို့ အတိတ်အကြောင်း ဘာမှလျှောက်မတွေးဖူးခဲ့။ သို့သော်လဲ ကျောက်ကျွယ်စကားက မှားတာတော့လဲမဟုတ်။ အမှန်တရားဆိုသည်က သူတို့ဘက်ကလိုက်မရှာရင်တောင် တနေ့နေ့ သူတို့ကို လာရှာပေလိမ့်မည်။

တကယ်တော့ အခုအချိန်တွင် ပိုင်ယွိထန်မှာ ကျောက်ကျွယ်ကို ကျေးဇူးမတင်ချင်သလို ဘဝအကြောင်း ပြဿနာများကိုလဲ တွေးမနေချင်။

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now