Love Murder 18- အိမ်အဟောင်းလေးတစ်လုံး

615 110 2
                                    

Unicode

သူတို့အားလုံး ကျောက်ကျွယ်နောက်မှလိုက်၍ ရဲတိုက်နှင့် တူသော ဗီလာထဲ ဝင်သွားကြသည်။ အဆိုပါ ဗီလာက အတော်လေးတော့ ထူးခြား၏။ ဗီလာတစ်ခုလုံးက ဥရောပဆန်ကာ အတော်လေး အိုဟောင်းနေ၏။ ကြေးဝါရောင် မျက်နှာကျတ်မီးဆိုင်းများ... နံရံများကို အခေါင်းပေါက်လေးများ ဖောက်ကာ အလှဆင်ထားသည်များ... ဆီဆေးပန်းချီကားချပ်ကြီးများ... နေရာတိုင်းတွင် တွေ့နိုင်သော ပန်းပုရုပ်တုများနှင့် ဖြတ်သန်းသွားလာနေကြသော အိမ်စေများကို တွေ့ရပေသည်။

ကုန်းစွန်းက ကော်ရစ်ဒါဘေးမှ ဥရောပစတိုင်လက်နက်အပြည့်အဝတပ်ဆင်ထားသည့် ယောက်ျားပန်းပုရုပ်ကြီးကို စိုက်ကြည့်ရင်းက ပြောလိုက်သည်။
" ဒီအခန်းထဲက ပစ္စည်းတွေအကုန်လုံးက တော်တော်တန်ဖိုးရှိမှာပဲနော်"

ဒီလိုလက်နက်အပြည့်အစုံတပ်ဆင်ထားသော စစ်သူကြီးရုပ်တုတစ်ခု ပိုင်ကျင်းထန်ဝယ်ရန် ပြောဖူးသည်ကို သူ သတိရလိုက်သည်။ ပိုင်ကျင်းထန်စိတ်ကြိုက် ပစ္စည်းများဝယ်သည်ကို ကုန်းစွန်း မကန့်ကွက်သော်လဲ စျေးနှုန်းကို မြင်သည်နှင့် အလှသက်သက် ထားရမည့်ပစ္စည်းတန်ဖိုးနှင့် လုံးဝမကိုက်သဖြင့် သူ လုံးဝသဘောမတူခဲ့။ အဲ့လောက်သာ ပိုက်ဆံပိုနေရင် အပြင်မှာသာ သွားလှူလိုက်မည်ဟု သူ ပြောခဲ့လိုက်သည်။

" မင်းက ရှေးဟောင်းပစ္စည်းတွေ နားလည်တဲ့ပုံပဲ"
ကျောက်ကျွယ်က ကုန်းစွန်းကိုကြည့်တော့ ကုန်းစွန်းလဲ ခေါင်းရမ်းသည်။

" နည်းနည်းပါပဲ"

ကျောက်ကျွယ်က ပြုံး၍ ဆက်ပြောသည်။
" အလယ်ခေတ်လောက်က အမတ်ကြီးတွေနေတဲ့ ရဲတိုက်မျိုးကို ငါ ဝယ်ချင်နေခဲ့တာကြာပြီ.... အပျက်အစီးတွေကို ပြန်ပြုပြင်ရတာနဲ့တင် နှစ်ဝက်ကျော်တယ်.. ပုံမှန်ရဲတိုက်တွေရဲ့ အရောင်က မီးခိုးရောင်ဆိုပေမဲ့ ငါ သိပ်မကြိုက်လို့ အပြင်က နံရံတွေကို အဖြူရောင်သုတ်လိုက်တာ"

ကျန်ကျောက်က ရယ်မောရင်း ​ဝင်ပြောသည်။
" ခင်ဗျားရဲ့ အိမ်စေတွေကိုရော အဲ့ဒီ့က ခေါ်လာတာပဲလား"

ကျန်သူများ ဆွံ့အသွားပေမဲ့ ကျောက်ကျွယ်က လိုက်ရယ်ရင်း ကျန်ကျောက်ကို ကြည့်၍ ပြန်ဖြေသည်။
" ငါ ဒီရဲတိုက်ကို ဝယ်ခဲ့တာ အကြောင်းရှိတယ် ....နောက်ပြီးရင် မင်းလဲ ငါပြောတာ အရမ်းသဘောတူသွားလိမ့်မယ်"

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now