KILLER'S PASSWORD 10 - Forensic

1.6K 294 13
                                    

Unicode

ပိုင်ယွိထန်က ကျန်းပင်ပေးလိုက်သော လိပ်စာနေရောက်တော့ ကားကိုရပ်လိုက်သည်။ ကားရပ်ပြီးပြီးချင်း ကုန်းစွန်းက ထရယ်သည်။

ကျန်ကျောက်နှင့် ပိုင်ယွိထန်လဲ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ကုန်းစွန်းဘေးမှ လော့ထျန်ကလဲ ကားပြတင်းအပြင်သို့ ကြောင်ကြောင်အအ ကြည့်သည်။

ကျန်ကျောက်ရော ပိုင်ယွိထန်ပါ ကားအပြင်ကို လှည့်ကြည့်လိုက်၏။ သူတို့နှင့် မလှမ်းမကမ်းတွင် သံတိုင်ကြီးများနှင့် ကာရံထားသော တံခါးကြီးတစ်ချပ် တံခါးပေါ်တွင် စာလုံးများကို သိသာထင်ရှားစွာ ရေးထားသည်။
.. S မြို့တော် သုဿာန် အနောက်တံခါး...

" ဟက်"
ပိုင်ယွိထန်လဲ လိုက်ရယ်သည်။
" ထင်တော့ထင်သား လိပ်စာက တော်တော်လေးရင်းနှီးနေပါတယ်လို့.. သုဿာန်အနောက်တံခါးဖြစ်နေတာကိုး"

" အိမ်ရှေ့မှာ သင်္ချိုင်းရှိတာကိုက တော်တော်ကံဆိုးနေပြီ သင်္ချိုင်းရဲ့ အနောက်က ကိုယ့်အိမ်ရှေ့ဖြစ်နေတာ ဘယ်လိုတောင် ကံဆိုးတာလဲ"
ကုန်းစွန်းက ခေါင်းခါ၍ ပြောလိုက်သည်။
"ကျန်းပင် ငါတို့ကို နောက်လိုက်တာလား   "

" မဖြစ်နိုင်လောက်ဘူး  "
ကျန်ကျောက်က တစ်ဖက်လမ်းကို ပြလိုက်သည်။
" ဟိုနားမှ တိုက်သေးသေးလေးရှိတယ် "

သူတို့အားလုံး ကျန်ကျောက်ပြသည့်နေရာအတိုင်း လှည့်ကြည့်လိုက်တော့ နံရံမြင့်မြင့်များကာရံထားသည့် နောက်ဘက်တွင် တိုက်အသေးလေးတစ်လုံး အရှေ့မျက်နှာစာက သင်္ချိုင်းနောက်တံခါးကို မျက်နှာမူထားသည်။ ခြံဝင်းထဲတွင် ခွေးနက်ကြီးများ မွေးထားလေရာ ပိုင်ယွိထန်ကားကိုမြင်တော့ စူးစူးဝါးဝါးထိုးဟောင်နေကြ၏။ ခွေးနက်ကြီးများက ကြောက်ဖို့ကောင်းသော်လဲ ခြင်္သေ့နှင့် အတူဆော့လာကြသော SCI အဖွဲ့သားများက အနှောင့်အယှက်ဟု မြင်ဟန်မတူ။

ပိုင်ယွိထန်က အိမ်လိပ်စာကို နောက်တစ်ခါ ပြန်စစ်သည်။
"ဒီလိပ်စာက အမှန်ပဲ  "

သူတို့အားလုံး ကားထဲမှထွက်၍ ထိုအိမ်ရှိရာသို့ သွားကြသည်။
လော့ထျန်က တံခါးရှေ့နားထိလျှောက်ကာ ခေါင်းလေးကို နှိပ်လိုက်သည်။ သူတို့အားလုံး အတော်ကြာကြာ စောင့်နေကြသော်လဲ ဘယ်သူမှ တံခါးလာမဖွင့်သဖြင့် လော့ထျန်က နောက်တစ်ခါ ထပ်နှိပ်သည်။

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now