Love Murder 29- အမှန်တရား

687 112 1
                                    

Unicode

" ထာဝရနုပျိုနေတယ်ဆိုတာတော့ ကောင်းတာပေါ့" ကျန်းရင်းက ကူရာမဲ့စွာ ဆက်ပြောနေသည်။
" ဒါပေမဲ့ အဲ့ဒီ့အချိန်ကတော့ အဲ့ဒါက ကောင်းတဲ့အရာတစ်ခုမဟုတ်ခဲ့ဘူး... အခုခေတ်မှာ အသက်၅၀ကျော် ၆၀ကျော်တွေတောင် ၃၀ကျော်လောက်ပဲ ထင်ရအောင် နုပျိုတဲ့သူတွေ ရှိတယ်... တကယ်တော့ အသားအရေကို ထိန်းသိမ်းတဲ့အပြင် နဂိုက အသက်ကြီးတာနှေးတဲ့ မျိုးရိုးပါလာတဲ့သူတစ်ယောက်အတွက် ထာဝရနုပျိုဖို့ဆိုတာ မခဲယဉ်းပါဘူး"

ကျန်ကျောက်ရော ပိုင်ယွိထန်ပါ ခေါင်းညိတ်ကြသည်။ သူတို့နှစ်ယောက်လုံး၏ အဖေနှစ်ယောက်သည်လဲ အားကစားမှန်မှန်လုပ် အစားမှန်မှန်စားကာ ပျော်ပျော်ရွှင်ရွှင်နေခြင်းဖြင့် နုပျိုခြင်းကို ထိန်းသိမ်းထားခဲ့၏။

" တကယ်တော့ မြို့စားကြီးပါထောလီကသာ ပါထောလီမိသားစုကို ဖျက်စီးခဲ့တဲ့သူတစ်ယောက်ပါ"
ကျန်းရင်းက ဆက်ပြောသည်။
" အရမ်း ကြီးမြတ်တဲ့သူတစ်ယောက်ဖြစ်ခဲ့လို့တဲ့လေ"

" ပါရီရဲ့ အဖေလား"
ကျန်ကျောက်က မေးလိုက်သည်။

" အင်း"
ကျန်းရင်း ခေါင်းညိတ်၏။
" အမှန်ပဲ"

" သူ ဘာလုပ်ခဲ့လို့လဲ"
ကျန်ကျောက်က ထပ်မေး၏။

" ဆေးဝါးတွေ.. သက်ရှိတွေကို အရှင်လတ်လတ်စမ်းသပ်တာတွေ... စက်ပစ္စည်း ကိရိယာတွေ တီထွင်တာ... သဘာဝကို ဆန့်ကျင်တာတွေ..."
ကျန်းရင်းက ဖြည်းညင်းစွာဖြင့် ​ဆက်ပြောနေသည်။
" သူလုပ်တဲ့ အလုပ်တစ်ခုချင်းစီတိုင်းက အဲ့ဒီ့ခေတ်ရဲ့ သဘာဝကို ဆန့်ကျင်နေတော့ ဘုရားကျောင်းက လူတွေ အကုန်လုံး ကန့်ကွက်စရာအကြောင်းအရာတစ်ခု ဖြစ်လာတာ"

ပိုင်ယွိထန်လဲ ခေါင်းရမ်းနေ၏။ ထိုအချိန်က အင်အားအပြည့်နှင့် သိပ္ပံပညာကို ဦးဆောင်နိုင်စွမ်းရှိသူတစ်ယောက်က ပြည်သူ့ရန်သူတစ်ယောက်ဖြစ်ခဲ့ရသည်။

" သခင်ကြီးပါထောလီက လူမသိ သူမသိအောင် လုပ်ခဲ့တာပဲ"
ကျန်းရင်းက ဆက်ပြောသည်။
" ဘယ်လိုပဲဖြစ်ဖြစ် သူက အရမ်းသဘောကောင်းပြီး ကြင်နာတတ်တယ်...  ဆေးပညာကို သုတေသနလုပ်ရတာကတော့ လူတွေရဲ့ အသက်ကို ကယ်နိုင်မယ်ဆိုရင် တန်ဖိုးကြီးတယ်လို့ ခံယူထားလို့တဲ့လေ"

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now