Password Killer 24- ရူးသွပ်ဖွယ် အမှန်တရား

1.3K 293 6
                                    

Unicode

ရဲ့လင်းထံမှ "Killer " ဟူသော စကားကို ကြားလိုက်ရတော့ ပိုင်ယွိထန်နှင့် ကျန်ကျောက်က မျက်မှောင်ကြုံ့သည်။

ကျန်​ကျောက်က ရဲ့လင်းကို ကြည့်၏။
" ဘယ်က Killer လဲ"

ရဲ့လင်းက ကျန်ကျောက်ကို မျက်လုံးပြူးကြည့်၍ တိုးတိုးလေး ထပ်ပြောသည်။
" မိုမို နင်မေ့သွားတာလား Code 1 လေ"

" Code 1??"
ကျန်ကျောက်က ရေရွတ်သည်။
"သူ့မှာ နာမည်မရှိဘူးလား"

ရဲ့လင်းက သူ့ကို ခေါင်းလေးစောင်း၍ ကြည့်သည်။
" သူ့နာမည်ကို ငါမသိဘူးလေ.. နင်သိတယ်လို့ ငါထင်ထားတာ"

" ငါ??"
ကျန်ကျောက် ကြောင်သွားသည်။
" သူနဲ့ ငါက အသိတွေလား"

" အင်းလေ"
ရဲ့လင်းက ကျန်ကျောက်အင်္ကျီစကို လက်နှင့်ဆုပ်ထားလိုက် ပြန်ဖြည်လိုက်လုပ်နေရင်းမှ တိုးတိုးလေး ရေရွတ်သည်။
" Code 1 က နင့်သူငယ်ချင်းမဟုတ်ဘူးလား... အဲ့ဒါကြောင့် နင့်ကိုအရင်ဆုံး လွယ်လွယ်လေးသတ်လိုက်လို့ ရတာပေါ့"

ကျန်ကျောက်က တစ်စုံတစ်ခုကို စဥ်းစားလိုက်ပြီး ပိုင်ယွိထန်ကို ခေါင်းညိတ်ပြတော့ ပိုင်ယွိထန်က ဓာတ်ပုံတွေ လှမ်း​ပေးလိုက်သည်။ ကျန်ကျောက်က ထိုပုံများကို ရဲ့လင်းရှေ့ ချပေး၏။
" မင်း ကြည့်ကြည့် Code 1 က ဒီထဲမှာ ရှိလား"

ရဲ့လင်းက ဓာတ်ပုံတစ်ပုံချင်းစီ သေချာကြည့်လိုက်ပြီး ခေါင်းခါသည်။
" မရှိဘူး"

ကျန်ကျောက် မျက်မှောင်ကြုံ့လိုက်သည်။ ...  လူသတ်သမားက တခြားတစ်ယောက်ယောက်များလား...

ထိုသို့ စဥ်းစားနေတုန်း ရဲ့လင်းက ကျန်ကျောက်လက်မောင်းကို ဆွဲဖက်လိုက်၏။
" မိုမို ငါတို့ထမင်းသွားစားရအောင်လေ.. River Tea က ကြက်ပေါင်ထမင်းစားချင်တယ် မစားရတာ ကြာနေပြီဟ"

" မြစ်ကမ်းဘေးမှာ ရှိတဲ့ River Tea ...."
ကျန်ကျောက်က မေးသည်။
" ငါတို့အတူသွားစားတဲ့ ဆိုင်လား"

ရဲ့လင်းက ခေါင်းညိတ်သည်။
" မိုမို ငါ အဲ့ဆိုင်မှာ သွားစားချင်တယ် အရသာလဲ ကောင်းတယ် ဆိုင်ရှင်ကလဲ သဘောကောင်းတယ်"

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now