Unicode
သော့ပွင့်သွားသည့်အတွက် ကျန်ကျောက်က ရုပ်တုကို ဖွင့်ရန် လက်လှမ်းလိုက်သော်လဲ ပိုင်ယွိထန်နှင့် ကျောက်ကျွယ်က ပြိုင်တူ တား၏။
ကျန်ကျောက်က သူ့ကိုဝိုင်းတားသည့် လူနှစ်ယောက်ကို နားမလည်နိုင်သလို ကြည့်သည်။ ကျောက်ကျွယ်က သက်ပြင်းတစ်ချက်ချ၍ ကျန်ကျောက်ကို ပိုင်ယွိထန်ဘက်တွန်းရင်း အနည်းငယ် ဒေါသထွက်နေပုံရကာ စကားစသည်။
" သူ့ကို အိမ်ပြန်ခေါ်ပြီး သေချာစောင့်ရှောက်ထား.. အကြောက်အလန့်လဲ မရှိ... ဘယ်နေ့သေမလဲ မသိဘူး"ကျန်ကျောက် မျက်လုံးပြူးသွားသော်လဲ ပိုင်ယွိထန်က အသည်းအသန် တားလိုက်သည်။ စိတ်ထဲတွင်တော့ ကျောက်ကျွယ်က အတော်လေးအားကြီးပြီး ကြောင်လေးက ဒီတစ်ခါတော့ သူ့ကို ဒေါသထွက်အောင် လုပ်လိုက်သည်ဟု တွေးနေသည်။
ကုန်းစွန်းနှင့် ပိုင်ချီသည်လဲ ဘေးနားတွင် ကြောင်ရပ်နေကြ၏။ ကျောက်ကျွယ် ဒီလောက်ဒေါသထွက်သည်ကို သူတို့တစ်ခါမှ မမြင်ဖူးခဲ့။
သို့သော် ကျောက်ကျွယ်က ခဏကြာသည်အထိ ဒေါသထွက်နေကာ ပိုင်ယွိထန်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
" မင်းရောပဲ.. မင်းက မင်းအဖေနဲ့ နည်းနည်းလေးမှ မတူဘူး... သူ မလုပ်သင့်တာ လုပ်နေရင် သူ့ကိုပွေ့ချီပြီး စကားနားထောင်လာတဲ့အထိ မင်း ဆုံးမလေ.. မင်း ဘယ်ဟာကို အသားကျနေတယ်ဆိုတာ မူတည်တယ်"ပိုင်ယွိထန်က အံ့အားသင့်ကာ မျက်လုံးပြူး၍ ပြောလိုက်သည်။
" သူ့ကို ဘယ်လိုဆုံးမရမှာလဲ"ကျန်ကျောက်က ပိုင်ယွိထန်ကို စိုက်ကြည့်သည်။ ... မင်းက သူ့စကားနားထောင်တယ်ပေါ့...
ပိုင်ယွိထန်လဲ သူ့ကိုယ်သူ ပြန်သုံးသပ်ကာ ဘယ်အရာကို အသားကျနေသလဲ ပြန်စဉ်းစားနေသည်။
ကျောက်ကျွယ်က နှုတ်ခမ်းလေးကွေးကာ ပြုံးရင်း စကားစသည်။
" မင်းဟာမင်း စဉ်းစားလေ.. အခု ပြန်ခေါ်သွား.. မင်းလူကို မင်း လုပ်ချင်သလိုလုပ်.. အဲ့ဒါတောင်မှ မင်း သူ့ကို မဆွဲဆောင်နိုင်ဘူးဆိုရင် အရုဏ်တက်ချိန်လောက်မှာလုပ်ကြည့် .. သူ မင်းစကား နားထောင်လား မထောင်လားလို့.. အဲ့ဒါမှ စကားနားမထောင်သေးရင်တော့ သုံးရက်သုံးည အိပ်ရာထဲက ပေးမထွက်ပဲ လုပ်ချင်သလိုသာ လုပ်ကွာ... မင်းတို့ မလုပ်ဖူးဘူးလို့တော့ ငါ့ကို လာမလိမ်နဲ့နော်"
YOU ARE READING
Special Crime Investigation Journal Of Mystery Book 2 - Completed
Mystery / ThrillerOur S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story