Zawgyi
" ဘာလို့ ဒီလောက်တောင် ပိန်သွားရတာလဲ"
Zhan Qitian က Zhan Zhao ကို ကားထဲ ထည့်ပေးပြီး သူပါ ဝင်ထိုင်ကာ ခါးပတ် ပတ်ပေးရင်း မေးလိုက်သည်။
" တစ်နေ့တစ်နေ့ ဘာတွေ စားလဲ"Zhan Zhao က တိုးတိုးလေး ပြန်ဖြေသည်။
"Bento Box.."
(Bento box ဆိုတာက ဂျပန်နိုင်ငံမှာ အိမ်သားတွေအတွက် အိမ်ရှင်မက အထူးတလည်ပြင်ဆင်ပေးတဲ့ နေ့လည်စာ ထမင်းဗူးပါ)Zhan Qitian က မျက်မှောင်ကြုံ့ကာ ကားကို စက်နှိုး၍ သူတို့ အရင်အိမ်ရှိရာ မြို့အစွန်သို့ ဦးတည်လိုက်သည်။
"အဖေ..."
Zhan Zhao က Zhan Qitian သူ့ကို စကားမပြောပဲ လေးနက်သောအမူအရာနှင့် ကားသာ အာရုံစိုက်မောင်းနေ၍ မေးလိုက်သည်။
" ကျွန်တော့်ကို ပြောချင်တယ်ဆိုတာ ဘာလဲ...ဘာလို့ ဒီလောက် လျှို့ဝှက်နေရတာလဲ..."Zhan Qitian က တစ်ခဏ တိတ်ဆိတ်နေပြီးမှ ပြန်ဖြေသည်။
" အဖေက မင်းကို ပြစရာ ရှိတာ"" ဘာကိုလဲဟင်.."
Zhan Zhao က ပြုံးကာ မေးလိုက်သည်။ ထို့နောက် ကားမောင်းနေသော သူ့အဖေ၏ မျက်နှာကို ငေးကြည့်ကာ စိတ်ထဲမှ တွေးနေသည်။.... ချောလိုက်တာ....Zhan Qitian က Zhan Zhao ၏ ပြုံးနေသော မျက်နှာလေးကို တွေ့လိုက်ရသည်နှင့် စိတ်ထဲမှ ဒေါသအချို့ ပျောက်ကွယ်ကာ ပြောလိုက်သည်။
" ငါတို့ အဲ့ဒီကို ရောက်မှ သေချာကြည့်ပေါ့"" အော်..."
Zhan Zhao က ခေါင်းညိတ်ကာ Zhan Qitian အား လစ်ရင် လစ်သလို ခိုးခိုးကြည့်နေသည်။ သူ့အဖေ၏ မျက်နှာအမူအရာမှာ စောစောကလောက် ဒေါသမထွက်တော့သည်ကို တွေ့၍ စိတ်အေးသွားလေ၏။ကားမှာ မြို့အစွန်အထိ ဖြောင့်တန်းစွာ မောင်းနှင်လာလေ၏။ မြို့ပြင်ရောက်၍ လတ်ဆတ်သော လေများ တဖြည်းဖြည်း များလာသည်နှင့် ကားထဲမှ တင်းကြပ်နေသော လေထုလဲ ပြေလျော့လာ၏။ Zhan Qitian က ကားနောက်ခုံကို လက်ညိုးထိုး၍ Zhan Zhao အား မေးလိုက်သည်။
" စားပြီးပြီလား"Zhan Zhao က အနောက်ကို ကြည့်လိုက်သောအခါ အနောက်ခုံတွင် Bento box ထမင်းဗူး တစ်ဗူးကို တွေ့လိုက်ရ၏။ Zhan Zhao မျက်လုံးများ ကျုံ့သွား၏။... ရေဘဝဲလုံးကြော်.....
လှမ်းယူကာ ဖွင့်ကြည့်လိုက်တော့ တကယ်ပင် ရေဘဝဲလုံးကြော်များ... Zhan Zhao က တစ်လုံးပြီး တစ်လုံးစားကာ ပွစိပွစိ ရေရွတ်နေ၏။... ဟွန့်... တို့အဖေက ကမ္ဘာပေါ်မှာ အတော်ဆုံးပဲ...
YOU ARE READING
Special Crime Investigation Journal Of Mystery Book 2 - Completed
Mystery / ThrillerOur S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story