KILLER VS KILLER 20- လှောင်အိမ်ထဲက ကျား

2.2K 400 15
                                    

Zawgyi

Zhan Zhao ၏ ပွင့်လင်းလွန်းသော စကားကြောင့် Bai Yutang မှာ Zhan Zhao ကိုယ်လေးကို တင်းတင်းကြပ်ကြပ် ဖက်ထား၏။ မနက်ဖြန် တာဝန်ရှိသေး၍ ကိုယ့်ကိုယ်ကို ထိန်းချုပ်ထားရသည်။ ထို့ကြောင့် Zhan Zhao တစ်ကိုယ်လုံးကို မီးထွက်မတတ် ပွတ်သပ်ရင်း​မေးလိုက်သည်။
" ကြောင်လေး... ကိုယ့်ဘဝကို လိုချင်တယ်မလား... ဒီတစ်ရက်တော့ သည်းခံလိုက်ဦးနော်... အမှုပြီးရင် ကိုယ် အကုန်ပြန်ဆပ်ပါ့မယ်..."

Zhan Zhao မှာ ပြောစရာစကားများပျောက်ရှသွား၏။

နောက်တစ်နေ့မနက်တွင် Bai Chi နှင့် Zhao Wei တို့ ရောက်လာကြ၏။ ခြံဝင်းထဲ ဝင်လာရင်း အပျက်အစီးများကို ကြည့်ကာ ကြောင်သွားကြသည်။

" Xiao Bai Chi"
အမြွှာနှစ်ယောက်က ညက အဖြစ်အပျက်ကို ပြောပြရန် အနားရောက်လာကြသည်။
" ညက အရမ်းမိုက်တာကွ သိလား...."

" တကယ်လား..."
Bai Chi ​က သူတို့ပြောသည်ကိုကြားပြီး ညက အချီကြီးလွတ်သွားသည့်အတွက် အားမလိုအားမရ ဖြစ်သွား၏။

Zhao Wei က Lisbon နှင့်အတူ ကားပေါ်မှဆင်းလာသည်။ ထိုအချိန် Zhao Jue က ဘောင်းဘီအိတ်ထဲ လက်ထည့်ကာ သူတို့ရှိရာသို့ လျှောက်လာသည်။ ​ကြိုတင်ပြင်ဆင်ပြီးသားဖြစ်သော်လဲ Zhao Wei မှာ Zhao Jue ကို တွေ့လိုက်ရ၍ နည်းနည်း ကြောင်အအဖြစ်နေသေးသည်။ သူ့ဘေးမှ Bai Chi ကလဲ Zhao Jue ကို တွေ့လိုက်သည်။

Zhao Jue က မျက်ခုံးပင့်၍ Zhao Wei ကို ကြည့်ပြီး တစ်ဖက်လှည့်ကာ Bai Chi ကိုသာ လက်ဆွဲနှုတ်ဆက်၏။
" မတွေ့တာတောင် ကြာပြီပဲ"

" ဟုတ်"
Bai Chi က ခေါင်းညိတ်ကာ Zhao Wei ဘက် လှည့်ကြည့်ကာ Zhao Jue ကို ပြန်ပြုံးပြပြီးနောက် အိမ်ထဲ ပြေးဝင်သွား၏။

Zhao Jue ​က Bai Chi လေး၏ နောက်ကျောကို ပြုံးကြည့်နေရင်း Zhao Wei ဘက် လှည့်သည်။
" အရမ်းချစ်ဖို့ကောင်းတဲ့ကောင်လေး"

Zhao Wei လဲ ခေါင်းညိတ်ရင်း Zhao Jue နား ရပ်သည်။ Lisbon လေးကတော့ Zhao Jue ခြေထောက်နားတွင် တရှုံ့ရှုံ့အနံ့ခံ၍ ရင်းနှီးနေသူလို ငြိမ်နေသည်။

" ဟက်"
Zhao Jue က Lisbon ခေါင်းကို ပွတ်သပ်သည်။ Lisbon ကလဲ ပွတ်သပ်သည်ကို ပြန်လည်တုံ့ပြန်ရင်း Bai Chi နှင့်Zhan Zhao တို့ရှိရာ အခန်းထဲ ပြေးဝင်လာ၏။

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now