Zawgyi
အပန်းဖြေအိမ်ရာ၏ ဧည့်ခန်းထဲတွင်တော့ SCI တစ်ဖွဲ့လုံးက သတိရှိစွာ ထိုင်နေပြီး Zhao Jue ကို စိုက်ကြည့်နေကြ၏။ Zhao Jue က အကုန်လုံးကို တစ်ချက်ဝေ့ကြည့်ကာ ထိုင်ခုံတစ်လုံးတွင် ဣန္ဒေရြရ ဝင်ထိုင်၏။ အိမ်အကူယူလာသော လက်ဖက်ရည်ကို တစ်ကျိုက်မော့ကာ ကျေကျေနပ်နပ်ပြုံး၏။
ထိုအချိန်တွင် ဒုတိယထပ်မှ ဆင်းလာသော Gongsun နှင့် Zhao Jue တို့ အကြည့်ချင်း ဆုံမိကြသည်။ Gongsun မှာ Zhao Jue ကို တစ်လှည့် SCI အဖွဲ့သားများကို တစ်လှည့်ကြည့်သည်။ အားနည်းနေသည့် သူ့ပုံစံကြောင့် တစ်မျိုးတစ်မည် အရှက်ရကာ လိုက်ကြည့်နေခြင်းလဲ ဖြစ်နိုင်၏။
" စားပြီးပြီလား"
Gongsun က ဆိုဖာအစွန်ဆုံးတွင် ထိုင်နေသော Luo Yang လေးဆီသွားကာ ပွေ့ချီလိုက်၏။
" Yang Yang လေး ဗိုက်ဆာနေပြီလား"" ဟုတ် "
Yang Yang လေးက ခေါင်းညိတ်သည်။
တစ်နေကုန်ပြေးလွှားကစားထား၍ ပင်ပန်းကာ ဆာနေသည်ကို မေ့ကာ ပြဿနာကြီးထဲ စိတ်ထဲရောက်နေ၍ Gongsun လာမေးမှ သတိရတော့သည်။Gongsun နောက်လိုက်ကာ မီးဖိုခန်းထဲဝင်သွားသော Yang Yang လေးကိုကြည့်ရင်း Bai Yutang က Zhan Zhao ကို မျက်လုံးမှိတ်ပြသည်။
.... ဒီကလေးကို သူ မွေးထားတာကျနေတာပဲ...Zhan Zhao က ပြန်ပြုံးပြသည်။... ကလေးလိုချင်လို့လား...
Bai Yutang က နှုတ်ခမ်းဆူ၏။.. မင်းမွေးတာမဟုတ်ရင် မလိုချင်ပါဘူး...
" အစ်ကိုကြီးရော ဘာလုပ်နေလဲ"
Zhan Zhao က ပန်းသွေးရောင်ရဲနေသော မျက်နှာကို တစ်ဖက်လှည့်ရင်း Gongsun ကို မေးလိုက်သည်။" စာကြည့်ခန်းထဲမှာ.. လုပ်စရာရှိသေးလို့တဲ့"
Gongsun က Luo Yang လေးကို ချီ၍ မီးဖိုခန်းထဲဝင်သွားသည်။ တခြားသူများလဲ ဆာနေကြပြီဖြစ်၏။ အမြွှာနှစ်ကောင်ကတော့ တွေ့သည့်နေရာ တွေ့သလိုစားတတ်၍ ဗိုက်မဆာ။ Bai Yutang.. Zhan Zhao..Ouyang Chun နှင့် Zhao Jue တို့ကတော့ စားသောက်ဆိုင်တွင် စားလာခဲ့သည့်အတွက် ဆိုဖာတွင်ထိုင်ကာ လက်ဖက်ရည်သောက်ကြသည်။ဤသို့ဖြင့် သူတို့တစ်ဖွဲ့လုံး ပြန်လည်အသက်ဝင်လာ၏။ ညစာစားရင်း စကားတစ်ယောက်တစ်ပေါက် ပြောကြသည်။ Zhan Zhao နှင့် Bai Yutang တို့က ဆိုဖာတွင် ထိုင်ရင်း အမှုအကြောင်း ဆွေးနွေးနေကြ၏။
YOU ARE READING
Special Crime Investigation Journal Of Mystery Book 2 - Completed
Mystery / ThrillerOur S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story