Killer's Password 6- That's it

1.4K 297 8
                                    

Unicode

ပိုင်ယွိထန်က ကန်တင်းမှ ထွက်သွားသော အရပ်ရှည်ရှည်ကောင်လေးနောက်သို့ လိုက်သွားရင်း လှမ်းခေါ်လိုက်သည်။
" ကျောင်းသားလေး... ခဏလောက်"

ထိုကောင်လေးက လိုက်လာသော ပိုင်ယွိထန်ကြောင့် အနည်းငယ်အံ့သြသွားပုံရသည်။ ခေါင်းငုံ့ကာ မမြင်ချင်ယောင်ဆောင်၍ ထွက်သွားမည်ကြံသော်လဲ
" မင်း လုချီကို သိတယ်မလား"

" မသိဘူး"
ပြန်ဖြေပြီးနောက် ထိုကောင်လေးက ခြေလှမ်းကို အရှိန်မြှင့်သည်။ သို့သော် ပိုင်ယွိထန်က ထိုကောင်လေးကို အမှီလိုက်၍ ပခုံးကို လက်နှင့်ပုတ်လိုက်သည်။

ထိုလက်မှ ရုန်းထွက်ရန် ကြိုးစားသော်လဲ မလွတ်နိုင်ပေ။ ထို့​ကြောင့် ကောင်လေးက ပိုင်ယွိထန်ကို ကြောက်လန့်ရိပ်တို့သန်းနေသော မျက်လုံးတို့နှင့်ကြည့်သည်။ ပိုင်ယွိထန်က ထိုကောင်လေး၏ မျက်လုံးထဲကို စိုက်ကြည့်ရင်း မေးလိုက်သည်။
" မင်း လျို့မေကို သိလား"

မိုးချုပ်နေပြီဖြစ်သော်လဲ လမ်းမီးတိုင်များမှ အလင်းကြောင့် ထိုကောင်လေး၏ မျက်နှာအမူအရာပြောင်းလဲမှုကို ပိုင်ယွိထန်ကောင်းကောင်းမြင်လိုက်ရသည်။ ထိုကောင်လေး လျို့​မေကို သိနေမှန်း.သေချာနေ၏။

" ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ"
ထိုကောင်လေးက မျက်မှောင်ကြုံ့ကာ သူ့ပခုံးပေါ်မှ ပိုင်ယွိထန်လက်ကို ကြည့်သည်။
" မလွှတ်ပေးရင် ကျွန်တော် ခင်ဗျားကို ထိုးမှာနော်"

ပိုင်ယွိထန်က ပြုံးရင်း ခေါင်းရမ်းသည်။
" လျို့မေ ကိုယ့်ကိုယ်ကို သတ်သေတယ်ဆိုတာ မင်းယုံလား"

"..."
ထိုကောင်လေး၏ ကြောက်လန့်တကြားအမူအရာကြောင့် ပိုင်ယွိထန်က ပို၍ အားတက်သွားသည်။

" ခင်ဗျား ဘယ်သူလဲ"
ထိုကောင်လေးက ပိုင်ယွိထန်ကို ကြောင်အအနှင့် ပြန်ကြည့်သည်။

" ဘယ်သူလို့ထင်လဲ"
ပိုင်ယွိထန်က အေးအေးဆေးဆေးပင် ပြန်​ဖြေသည်။

" ကျွန်တော် မသိဘူး"
ကောင်လေးက ခေါင်းရမ်းသည်။
" ခင်ဗျား ဘာလိုချင်တာလဲ"

" လုချီနဲ့ လျို့မေကြားက အကြောင်းကို ငါသိချင်ရုံပဲ"
ပိုင်ယွိထန်က ပေါ့ပေါ့လေး ပြန်ပြောသည်။
" မင်းကြည့်ရတာ တစ်ခုခုကို သိနေတဲ့ပုံပေါက်လို့"

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now