Killer Vs Killer 07- Love❤

4.1K 501 22
                                    

Zawgyi

Bai Yutang က Zhan Zhao ကို ခေါ်ကာ ဟိုတယ်ရှိရာသို့ မောင်းလာပေမဲ့ တစ်လမ်လုံး စကားတစ်ခွန်းပင် မပြော။

Bai Yutang မှာ သူပိုင်သည့်ပစ္စည်းကို သူ့မျက်စိရှေ့တွင် အလုခံလိုက်ရခြင်းအား အလွန်မုန်းသည်ကို Zhan Zhao သိသည်။ ထိုအရှုံးမျိုးကို သူ လက်မခံနိုင်ပေ။ တစ်နည်းပြောရရင် Bai Yutang မှာ သူ့ကိုယ်သူ ဒေါသထွက်နေခြင်းပင်။

မီးပွိုင့် မီးနီတော့ ကားရပ်သွား၏။

Zhan Zhao က ညိုမှိုင်းနေသော Bai Yutang ၏ မျက်နှာလေးကို လှည့်ကြည့်ကာ အနားတိုး၍ တိုးတိုးလေး ​ခေါ်လိုက်သည်။
" Bai Sir"

Bai Yutang က Zhan Zhao မျက်နှာလေးငယ်နေသည်ကိုမြင်တော့ နားရွက်ရဲရဲလေးကို လက်ဖြင့် ပွတ်လိုက်သည်။

" ဒဏ်ရာရသွားသေးလား"

" မိနစ်နှစ်ဆယ်အတွင်း မင်းပြန်ခေါ်လာတာလေ"
Zhan Zhao က Bai Yutang ၏ လည်ပင်းနောက်နားကို ထိကိုင်လိုက်ပြီး တိုးတိုးလေး ပြောပြန်သည်။
" ကိုယ့်ကိုယ်ကို မနှိပ်စက်ရဘူးလေ"

Bai Yutang က ဖြည်းဖြည်းချင်း ခေါင်းညိတ်တော့ Zhan Zhao က ​ရှေ့တိုးလာကာ နှုတ်ခမ်လေးကို ဖွဖွ နမ်း၏။

" မင်း အရမ်းတော်တယ်"

ထိုအခါမှ Bai Yutang မျက်နှာလေး ကြည်ကြည်လင်လင်ဖြစ်ကာ ပြုံးလာ၏။
" အာ့ဆို ငါ့အတွက် ဆုမရှိဘူးလား"

" စောစောက ပေးလိုက်ပြီလေ"
Zhan Zhao က မျက်ခုံးပင့်လိုက်သည်။
" ဘာထပ်လိုချင်သေးလို့လဲ"

" ငါ လိုချင်တာ မင်းပေးမှာလား"
Bai Yutang က ပြုံးနေသည်။

" အဲ့ဒါကတော့ အခြေအနေပေါ်မှာပဲ မူတည်တယ်"
Zhan Zhao က ကားမှန်အပြင်ကို ငေးကြည့်နေသည်။

မီးနီရာမှ စိမ်းသွားတော့ Bai Yutang က ကားစက်နှိုးလိုက်သည်။ ထိုအချိန် ဖုန်းမြည်လာတော့ Bai Yutang က ဖုန်းကိုင်၏။

" ဟဲလို... အင်း... စိတ်မပူပါနဲ့ သူအဆင်ပြေပါတယ်"

Zhan Zhao  အနားတိုးကာ နားထောင်ကြည့်တော့ Bai Chi ၏ အသံ..  ကောင်လေးက သူ့ကို အရမ်းစိတ်ပူနေပုံရသည်။

" ကောင်းပြီလေ"
Bai Yutang က ဖုန်းချပြီးနောက် Zhan Zhao ကို ပြောလိုက်သည်။

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now