Zawgyi
သြဂုတ်လ ၂၀ ရက်နေ့ မနက်ပိုင်းတွင် SCI တစ်ဖွဲ့လုံး ရဲစခန်းရှေ့တွင် စု၍ ဘတ်စ်ကားစီးကာ S မြို့လေဆိပ်သို့ ထွက်ခွာသွားကြလေ၏။ Lu Fang က သူတို့အားလုံးကို လေယာဉ်လက်မှတ်များ လိုက်ဝေပေးထားသည်။ SCI အဖွဲ့အတွက် သီးသန့် ပထမတန်းတွင် ဝယ်ပေးထား၏။ Lu Fang ပေးသော လက်မှတ်ကိုကြည့်၍ Bai Yutang ရော Zhan Zhao ပါ လျှာထုတ်ပြသည်။
" ပထမတန်း လက်မှတ် ဆယ်စောင်တောင်လား... စခန်းက သဘောကောင်းလှချည်လား"
Lu Fang က သူတို့နှစ်ယောက်ကို မျက်စိမှိတ်ပြရင်း လျှို့လျှို့ဝှက်ဝှက် ပြောသည်။
" ဒီအမှုက S မြို့ စည်ပင်ရဲ့ မျက်နှာနဲ့ ပတ်သက်နေတာကိုးဗျ"ထိုသို့ပြောပြီးနောက် အဖိုးကြီး Lu Fang မှာ ပြုံးပြုံးကြီး ပြန်သွား၏။
သူတို့တစ်ဖွဲ့လုံး လေဆိပ်ရောက်တော့ အထုပ်ချိန်ကြ လုံခြုံရေး ဖြတ်ကြ လူဝင်မှုကြီးကြပ်ရေး ဖြတ်ကြနှင့် အကုန်ပြီးသည့်နောက် လေယာဉ်ပေါ် တက်ရန် စောင့်ဆိုင်းသည့်နေရာတွင် ထိုင်နေကြ၏။ ထိုအချိန်တွင်မှ သူတို့အားလုံး ကြောင်သွားကြသည်။ ပုံမှန်ဆို ပထမတန်းမှ စီးမည့်သူများက နောက်ဆုံးမှ လေယာဉ်ပေါ် တက်ကြရသည်ဖြစ်ရာ အခုတော့ လေယာဉ်စောင့်သည့်နေရာတွင် သူတို့မှလွဲ၍ ဘယ်သူမှ မရှိပေ။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့သို့ ဆိုက်ရောက်မည့် လေယာဉ်ကို ဘယ်သူမှ မစီးတာလား... အခုတလော ခရီးသွားတာက ခေတ်စားနေသည့်အချိန် ပြီးတော့ နွေရာသီအားလပ်ရက်ကြီးမှာ လေဆိပ်တွင် ဘယ်သူမှ ရှိမနေသည်က ထူးဆန်းမနေဘူးလား....
Zhao Hu က တအံ့တသြ ဆို၏။
" ကြည့်ရတာ စီးပွားရေး အကြပ်အတည်းက အရမ်းဆိုးတဲ့ ပုံပဲ"သူတို့အားလုံး မရယ်မိကြ။ ထိုအချိန်တွင် လေဆိပ်ဝန်ထမ်းတစ်ယောက် ရောက်လာကာ သူတို့အားလုံးကို လေယာဉ်ပေါ် တက်ရန် ဖိတ်ခေါ်လေ၏။
Zhan Zhao နှင့် Bai Yutang တို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ လေယာဉ်စီးလာတာ အကြိမ်ပေါင်းမနည်းတော့... ဒီတစ်ခေါက် ဘာလို့ service အရမ်းကောင်းနေတာပါလိမ့်....
သူတို့အားလုံး လေယာဉ်ထဲ လုံခြုံစွာ ရောက်လာကြ၏။ သို့သော် အထဲရောက်ရောက်ချင်း အံ့အားသင့်ရပြန်သည်။ ထိုလေယာဉ်သည် ခရီးသည်တင်သည့် Airbus နှင့် Boeing အမျိုးအစားမဟုတ်။ ဇိမ်ခံပစ္စည်း ပရိဘောဂများဖြစ်သည့် TV ရေခဲသေတ္တာ ဆိုဖာ ကော်ဖီစားပွဲ တို့ အပြည့်အစုံပါသည့် ကိုယ်ပိုင် ဂျက်လေယာဉ် အကြီးစားဖြစ်၏။
YOU ARE READING
Special Crime Investigation Journal Of Mystery Book 2 - Completed
Mystery / ThrillerOur S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story