Innocent Murder: 5- လိမ်လည်ထွက်ဆိုခြင်း

4K 618 18
                                    

Zawgyi

Gongsun ၏ စနောက်မှုကြောင့် ထိုအမျိုးသမီး၏ မျက်နှာမှာ ပထမတော့ ပျက်သွားလေ၏။ သို့သော် ချက်ချင်းပြန်ပြင်ကာ အပြုံးလေးနှင့် စကားဆက်၏။
" ရှင်က ဒီအတိုင်း ရောဂါရှာတဲ့သူ သက်သက်ပဲဆို.."

Gongsun က မျက်လုံးကို ပွတ်၍ နွားနို့သာ ဆက်သောက်နေ၏။ သူ ဗိုက်အတော် အောင့်လေနေပြီ။

" Jintang ကို စီးပွားရေးလောကမှာ စတွေ့ခဲ့တာ..သူ့မှာ ရည်းစားကောင်လေးရှိတယ်ဆိုလို့..အမြင်ကျယ်အောင် လာကြည့်တာ"
ထိုအမျိုးသမီးက ဆက်သည်။
" ရှင်က ကျွန်မထင်ထားတာထက်ပိုပြီး သာမန်ပါပဲ..."

Gongsun က ဒေါသကြီးသူဖြစ်ပေမဲ့ ဗိုက်ဆာ၍ ပင်ပန်းနေချိန်တွင် မလှုပ်နိုင်သူ ဖြစ်သည်။ ထို့အပြင် ဗိုက်ပါ မတရားအောင့်နေ၍ အခြေအနေမှာ အတော်ဆိုးရွားနေလေသည်။ စိတ်ထဲတွင်တော့ တခြားသူတစ်ယောက်၏ ကောင်လေးကို လာတွေ့သည့်အထိ ရူးနှမ်းလွန်းလှသော မိန်းမမျိုးကို Bai Jintang ဘယ်လိုတွေ့လာသလဲ အံ့သြနေမိသည်။

အကယ်၍ ဒီသတင်းသာ အပြင်ထွက်သွားပါက Gongsun လိုလူမျိုးက ယောက်ျားတစ်ယောက်အား မိန်းမတစ်ယောက်နှင့် အပြိုင်လုနေသည်ဟု လူတွေ ထင်ကြလိမ့်မည်။ Gongsun မှာ စိတ်အတော် ပျက်နေသည်ဖြစ်ရာ ထက်မြတ်လှသော လျှာဖျားလေးနှင့် စကားစသည်။
" ဒီက သခင်မကြီးက Bai ကတော်လား မသိဘူး"

ထိုအမျိုးသမီးက လှောင်ပြုံးတစ်ခုနှင့် အားရပါးရ ဆိုသည်။
" မကြာခင် ဖြစ်လာတော့မှာပါ"

Gongsun က ခေါင်းညိတ်ကာ ဆက်ပြောသည်။
" အဲ့ဒါဆို အန်တီက Jintang ရဲ့ အနာဂတ် မိထွေးလောင်းကြီးပေါ့.. မဟုတ်သေးဘူးနဲ့တူတယ်နော်... အန်ကယ်Bai က မျိုးရိုးသန့်တာပဲ ကြိုက်တာ.. ပြီးတော့ အန်တီက Jintang မေမေလောက်လဲ မလှပဲနဲ့ဗျာ.."

Gongsun ၏ စကားစူးစူးများကြောင့် ထိုအမျိုးသမီး၏ မျက်နှာမှာ ချက်ချင်းအရောင်ပြောင်းကာ စားပွဲထိုးအား လက်ယက်ခေါ်လိုက်သည်။
" ရေတစ်ခွက် ယူလာခဲ့ပေးစမ်း".

တစ်ယောက်ယောက်က ရေယူလာပေးပြီးနောက် ထိုအမျိုးသမီးက ရေခွက်ကို ကိုင်ကာ Gongsun အား ပက်ချလိုက်သည်။ Gongsun က မျက်နှာ တည့်တည့်ကို အပင်ခံရမည်သိသိနှင့် မရှောင်လိုက်။ အဘယ်ကြောင့်ဆိုသော် သူ့မျက်နှာရှေ့တွင် ပန်းကန်တစ်ချပ် ရောက်ကာ ကာထားပေးသောကြောင့်ပင်။

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now