Innocent Murder 21- မျက်လှည့်ဆန်ဆန်

3.5K 594 57
                                    

Zawgyi

Zhan Zhao ၏ အမေးကြောင့် Luo Yang, Luo Tian နှင့် Bai Yutang တို့ အံ့အားသင့်နေကြ၏။

Luo Tian က Luo Yang လေးအား တအံ့တသြနှင့် ကြည့်နေ၏။
" မင်း..."

Luo Yang လေးက သူ့ကို ဝိုင်းကြည့်နေသည့် လူကြီး သုံးယောက်ကို ငေးမောနေရင်း မေးလိုက်သည်။
" ဘာကိုလဲ"

" ဒီလို မေးခွန်းမျိုး မေးဖို့ ဘယ်ကသင်ခဲ့တာလဲ.."
Zhan Zhao က အသံများတုန်ကာ ထပ်မေးသည်။
" မင်းကို ဘယ်သူ သင်ပေးတာလဲလို့"

Luo Yang က ခေါင်းယမ်းသည်။
" ဘယ်သူမှ မသင်ပေးပါဘူး..ကျွန်တော့်ဘာသာ ကြည့်ပြီး သင်တာ..."

" ဘယ်သူ့ဆီက သင်တာလဲ"
Zhan Zhao က ထပ်မေးသည်။

Luo Yang လေးက တုံ့ဆိုင်းနေရင်းမှ Zhan Zhao ကို မရဲတရဲ လက်ညိုးထိုးပြလိုက်သည်။
" ဦးဦး Zhan ဆီက သင်ခဲ့တာ..."
Luo Yang လေးက အသံတိုးတိုးနှင့် ဖြေသည်။

.Luo Yang ၏ အဖြေကို ကြားရသော အခါ သူတို့အားလုံး နေရာတွင် ရပ်ကာ ကြောင်အနေကြ၏။

"ငါ့ဆီက.."
Zhan Zhao က စိတ်မတည်ငြိမ်သေးပဲ Luo Yang လေးအား ထပ်မေးသည်။
" ငါ့စာအုပ်တွေ ဖတ်ပြီးတော့လား"

Bai Yutang က ခေါင်းအသာယမ်း၏။ ထို့နောက် ဒူးထောက်ထိုင်ကာ Luo Yang လေး၏ ခေါင်းကို ပွတ်ရင်း မေးသည်။
" Yang Yang လေးက ကြောင်လေး စကားပြောတာ​ကို တစ်ချိန်လုံး လိုက်ကြည့်နေခဲ့တာ မဟုတ်လား.. အဲ့ဒါကြောင့် သူ့ကို အတုခိုးနေခဲ့တာလား"

Luo Yang လေးက ခေါင်းညိတ်သည်။
" အင်း... S.C.I တစ်ဖွဲ့လုံးက အရမ်းတော်ကြတယ်ဆိုပေမဲ့ သားထင်တာက ဦးဦးZhan က အတော်ဆုံးပဲ... "
Luo Yang က ထိုသို့ပြောကာ Luo Tian ၏ နောက်သို့ ဝင်ကာ ပုန်းနေပြီး တိုးတိုးဆက်ပြောသည်။
" အဖေကလဲ ပြောတယ် ဦးဦးZhan ရဲ့ စကားလုံးတိုင်းက ​မှော်ဆန်တယ် ပြောင်မြောက်တယ်တဲ့..  သူ့ဆီက စကားပြောနည်းကို ကောင်းကောင်းသင်တဲ့..."

Zhan Zhao က ကြောင်အနေကာ Bai Yutang မှာတော့ ဆိုဖာပေါ် လှဲချရင်း ရယ်နေသည်။ Luo Tian လဲ မနေနိုင်တော့ပဲ ရယ်ရင်း Luo Yang လေးအား မေးသည်။
" ခုနက ဘာလုပ်လိုက်တာလဲ..ဘာလို့ အဲ့လို မေးခွန်းမျိုးမေးတာလဲ ရှင်းပြပါဦး".

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now