Innocent Murder 8- Catch Me

4.1K 604 30
                                    

Zawgyi

Bai Jintang ၏ အသွင်အပြင်ကို တွေ့ပြီးပြီးချင်း ထိုအမျိုးသမီး၏ စောစောက ရမ်းကားနေမှုများကို ရေနှင့် ငြှိမ်းသက်သကဲ့သို့ တိကနဲ ငြိမ်ကျသွားသည်။ သူမ၏ ရက်စက်မောက်မာနေသော မျက်နှာမှာလဲ ရုတ်တရက် ပျော့ပျောင်းလာလေသည်။ ထိုမျှမကသေး 'Jintang' ဟု ခေါ်သံက ဖျော့တော့ကာ Gongsun တစ်ယောက် ကြက်သီးထမတတ် ရွံမုန်းလေသည်။ Gongsun နောက်သို့ လှည့်ကြည့်လိုက်တော့ Bai Yutang နှင့် Zhan Zhao တို့၏ သိချင်စိတ်ပြင်းပြနေသော မျက်နှာများကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူလဲ ခေါင်းညိတ်ပြကာ ရှန်ပိန်တစ်ငုံသောက်၍ Bai Yutang...Zhan Zhao တို့နှင့်အတူ ပွဲကြည့်လေသည်။

Bai Jintang က မျက်မှောင်ကြုံ့ကာ ထိုအမျိုးသမီးအား စိုက်ကြည့်သည်။

" ကျွန်မတောင်းပန်ပါတယ် Jintang.."
ထိုအမျိုးသမီးက ပြာပြာသလဲနှင့် Bai Jintang ၏ စိုရွှဲသွားသော ရင်ဘတ်ကို လက်ကိုင်ပုဝါနှင့် သုတ်သည်။

Bai Jintang က ရုတ်တရက် နောက်ဆုတ်လိုက်ပြီး သူ့ဘေးမှ အမြွှာညီနောင်ကို တစ်ချက်ကြည့်သည်။ ထို့နောက် ခန်းမထဲမှ လူများအားလုံး ပါးစပ်အဟောင်းသား ဖြစ်စေမည့် စကားတစ်ခွန်းကို ပြောလိုက်သည်။

" သူက ဘယ်သူလဲ... မြင်ဖူးသလိုလိုတော့ ရှိသား.."

ခန်းမထဲမှ လူတွေမှာ ရှုပ်ထွေးလှသော သူဌေးသား မမလေးနှင့် ဆရာဝန်လေးတို့ သုံးပွင့်ဆိုင် ဇာတ်လမ်းကို မျက်မြင်တွေ့ရတော့မည်ဟု ထင်ထားခဲ့သမျှ သဲထဲရေသွန် ဖြစ်ကုန်၏။ Bai Yutang နှင့် Zhan Zhao တို့က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ နှုတ်ခမ်းဆူလိုက်ကြသည်။... ကျစ်... ပျင်းစရာကြီး....

သို့သော် ထိုအဖြစ်အပျက်များကြောင့် မျက်နှာ သိသိသာသာ ပျက်သွားသည်က စောစောက အမျိုးသမီးပင်။ ပေနေသော အင်္ကျီကို သုတ်ပေးရန် လှမ်းနေသော လက်မှာ လေတွင် ရပ်တန့်သွားကာ ရှေ့ဆက်တိုးမရ ဖြစ်နေသည်။

အားလုံး အနေရခက်နေချိန်တွင် တစ်စုံတစ်ယောက်က အားရပါးရ အော်ရယ်လိုက်၏။
" သူဌေးBai က တော်တော်မေ့တတ်တဲ့သူပဲဗျ..."

သူတို့အားလုံး အသံလာရာသို့ လှည့်ကြည့်လိုက်တော့ လူနှစ်ယောက်က သူတို့ဘက်သို့ ဖြည်းညင်းစွာ လျှောက်လာသည်။ တစ်ယောက်က သပ်ရပ်စွာ ဝတ်စားထားသော ဝဖိုင့်ဖိုင့် အဖိုးကြီး တစ်ယောက် ဖြစ်၍ ကျန်တစ်ယောက်မှာ အသက်သုံးဆယ်အရွယ် လူငယ်တစ်ယောက် ဖြစ်၏။

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now