KILLER VS KILLER 17- ခွေးအအုတ်ဂူ

2K 390 8
                                    

Zawgyi

Zhao Jue ကို ကြည့်ရတာ အတော်လေး ထူးဆန်းနေ၏။ အပြစ်မျိုးစုံ လုပ်ထားသည့်တိုင် သူ့ကို မြင်လိုက်တိုင်း အပြစ်ကင်းစင်သူတစ်ယောက်နှယ် လှပသူတစ်ယောက်သူအဖြစ်သာ မြင်ရလေသည်။

Zhan Zhao နှင့် Bai Yutang တို့ကတော့ Zhao Jue ကို ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ မသိ။ ထိုပုဂ္ဂိုလ် သူတို့ဘဝထဲ ပေါ်လာပြီးထဲက သူတို့ဘဝ အထိုက်အလျောက်တော့ ပြောင်းလဲသွားရသည်လေ။ ထိုသူက ဘာမှမဖြစ်သလိုပြုံးရင်း လျှောက်လာ​တော့ သူတို့ နည်းနည်းတော့ နေရခက်သွားသည်။ Bai Yutang က Zhan Zhao ဘက် လှည့်ကြည့်သည်။ ကြောင်လေးတွေက တခြားကြောင်များကို တွေ့သောအခါ တိတ်ဆိတ်ကာ သတိထားနေတတ်ပြီး သိချင်စိတ်နှင့် စူးစမ်းတတ်ကြလေသည်။ Zhan Zhao က သူ့ကို တစ်ခါမှ ထုတ်မပြောဖူးပေမဲ့ Zhao Jue ကို စိတ်ဝင်စားနေမှန်း Bai Yutang အသေအချာ သိ၏။

Zhao Jue က သူတို့နှစ်ယောက်ရှေ့ ရောက်လာကာ Zhan Zhao နှင့် Bai Yutang ကို သေသေချာချာ ကြည့်လိုက်သည်။ ထို့နောက် Ouyang Chun နှင့် လက်ဆွဲနှုတ်ဆက်၏။

Ouyang Chun က Zhao Jue ကို ရိုရိုသေသေ လက်ဆွဲနှုတ်ဆက်လိုက်သည်။
" ကျွန်တော်တို့ အီတလီမှာ တွေ့ကြမယ်လို့ ပြောထားတာလေ"

Zhao Jue က လျော့ရဲရဲ ပြုံးကာ Ouyang Chun ကို ပြန်ဖြေသည်။
" ကျွန်တော် သူတို့ကို လွမ်းလို့ပါ"

Ouyang Chun ကြောင်အသွားရသည်။ Zhan Zhao နှင့် Bai Yutang ကို ကြည့်ကာ တစ်စုံတစ်ခုကို မေးချင်နေပုံရ၏။
... သူတို့ဆက်ဆံရေးက အဆင်မပြေတာ မဟုတ်ဘူးလား....

Zhao Jue က မျက်ခုံးပင့်ကာ ပြုံး၏။
" အဲ့ဒါကတော့ ခင်ဗျား တွေးတဲ့အပေါ်မှာ မူတည်တယ်လေ"

Bai Yutang နှင့် Ouyang Chun တို့က အချင်းချင်း ကြည့်လိုက်ကြ၏။

Zhao Jue က ရယ်လိုက်ရင်း Zhan Zhao နှင့် Bai Yutang ကြားတွင်ရပ်သည်။ ထို့​နောက် Bai Yutang ကို နွေးနွေးထွေးထွေး လက်မောင်းကို ကိုင်ကာ ရင်းရင်းနှီးနှီးပြော၏။
" ဆာနေပြီလား... ဒီနားမှာ အရမ်းစားကောင်းတဲ့ ပြင်သစ်စားသောက်ဆိုင်ရှိတယ်"

Bai Yutang က သူ့ကို ကိုင်ထားသော Zhao Jue ကို ကြည့်ကာ အံ့အားသင့်နေ၏။ ဘာလို့ ဒီလူက အရမ်းငယ်တဲ့ပုံ​ပေါက်နေရတာလဲ... အသက်လေးဆယ်ထဲမှာမဟုတ်ဘူးလား...

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now