Zawgyi
S မြို့တော်၏ Flying dragon gym တစ်ခုတွင်....
Bai Yutang က ပြေးစက်ဆီမှ ဆင်းလာ၍ နဖူးတွင် သီးနေသော ချွေးများကို တဘက်နှင့် သုတ်သည်။ သူ့ကို စိုက်ကြည့်နေသော မျက်ဝန်းတစ်စုံကိုတော့ လျစ်လျှူရှုထားလိုက်၏။
အားကစား ဂျက်ကတ်အဖြူရောင်ကို ဆွဲချွတ်ကာ Bai Yutang က ခါးတွင် တဘက်တစ်ထည်ပတ်၍ ရေချိုးခန်းထဲ ဝင်သွား၏။ လိုက်ကာကို ဆွဲလိုက်ရင်း ရေပိုက်ခေါင်း ဖွင့်တော့ ရေနွေးများ ကိုယ်ပေါ် ကျလာသည်။ ရေသံနှင့်အတူ ရေချိုးခန်းတံခါးဖွင့်လိုက်သံနှင့် လေအေးများကိုပါ သူ ခံစားလိုက်ရ၏။ တစ်စုံတစ်ယောက်က သူ့လိုက်ကာစကို ဆွဲဖွင့်လိုက်လေသည်။
Bai Yutang ၏ နှုတ်ခမ်းထောင့်စွန်း မသိမသာကွေးတက်သွားရင်း မသိချင်ယောင်ဆောင်ကာ ရေဆက်ချိုးနေသည်။
ထိုအချိန်တွင် သူ့ကျောပေါ် လက်တစ်ဖက်ရောက်လာ၏။ Bai Yutang လှည့်ကြည့်လိုက်တော့ လူတစ်ယောက်က သူ့နောက်တွင် ရပ်ရင်း လက်တစ်ဖက်ဖြင့် သူ့ကို သေနတ်နှင့်ထောက်ကာ ပြုံးနေသည်။
ထိုလူမှာ အရပ်ရှည်ကာ ခါးတွင် တဘက်တစ်ထည်ပတ်ထား၏။ ထိုလူ၏ နှုတ်ခမ်းပေါ်မှ အပြုံးမှာ ထူးဆန်းကာ ရွံရှာဖွယ်အတိ။
" အချောလေး.. မလှုပ်နဲ့နော်"Bai Yutang က ခေါင်းညိတ်ရင်း ရေပိုက်ခေါင်းကို ပိတ်ကာ မေးလိုက်သည်။
" ခင်ဗျား ဘာလုပ်နေတာလဲ"ထိုလူက အနားတိုးကာ တိုးတိုးလေးဆို၏။
" မဆိုးပါဘူး... မင်းက အတည်ငြိမ်ဆုံးပဲ... ပြီးတော့ အချောဆုံးတစ်ယောက်"Bai Yutang က ခဏတွေးကာ မေးလိုက်၏။
" ခင်ဗျားက.... နာမည်ကြီး gym တွေမှာ လူတွေကို မုဒိမ်းကျင့်ပြီး သတ်တဲ့ နှာဗူးကောင်လား..."" ဟီး ဟီး..."
ထိုလူက ကျယ်လောင်စွာ ရယ်လိုက်သည်။
" မှန်တာပေါ့... ဒါပေမဲ့ သူတို့တွေအများကြီးနဲ့ ကစားပြီးတော့ မင်းနဲ့ တွေ့ရတာ မင်းရဲ့ ချောမောမှုက လုံးဝကို အဆင့်မီတာပဲ.... ကိုယ့်စကားကိုသာ နားထောင်မယ်ဆိုရင် မင်းကို မသတ်ဘူး.. ဘယ်လိုလဲ"Bai Yutang က သေချာနားထောင်ရင်း စိတ်ပျက်စွာ ခေါင်းရမ်းလိုက်သည်။
YOU ARE READING
Special Crime Investigation Journal Of Mystery Book 2 - Completed
Mystery / ThrillerOur S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story