Unicode
ပိုင်ယွိထန်က ကျန်ကျောက်ကို ကြည့်သည်။
" သူ လိမ်နေမှန်း မင်း ဘယ်လိုသိလဲ"" အဲ့လျို့ဖန်လဲ မျက်နှာက အရမ်းတည်ငြိမ်တယ်"
ကျန်ကျောက်က အေးအေးလေး ပြုံးလိုက်သည်။
" ဒါပေမဲ့ သူ့ကိုကြည့်ရတာ ခံစားချက်တစ်ခုခုကို ဖုံးကွယ်နေတဲ့ ပုံမျိုး"" ခံစားချက်?"
သူတို့သုံးယောက်သား ကျန်ကျောက်ဘေး ဝိုင်းလာကြသည်။" ကြောင်မလေးကို သူ့ပေါင်ပေါ် ထိုင်ခိုင်းပြီး အမွှေးလေးတွေ ပွတ်သပ်ပေးနေတာက သူ့ကိုယ်သူ စိတ်ငြိမ်အောင် လုပ်တဲ့ နည်းတစ်နည်းပဲ.. ဒါပေမဲ့ ဆေးလိပ်သောက်လိုက်တာက သူ့ခံစားချက်တွေကို ဖော်လိုက်သလိုဖြစ်သွားတယ်"
" ဘာခံစားချက်လဲ"
ပိုင်ယွိထန်က မေးလိုက်သည်။" ဒေါသ"
ကျန်ကျောက်က တိုးတိုးလေး ပြန်ဖြေသည်။" ဒေါသ?"
လော့ထျန်က ခဏစဥ်းစားကာ ပြန်ပြော၏။
" လျို့ဖန် ဆေးလိပ်စသောက်တော့ ဝူချန်းလျန်က ရွှီကျုန်းကို သတ်မိမလိုဖြစ်သွားတဲ့အကြောင်းပြောနေကြတာလေ.. ဘာလို့ သူက ဒေါသထွက်နေရတာလဲ"" လူသတ်ကောင်ရဲ့ ရှုပ်ထွေးတဲ့ နည်းလမ်းတွေကို သဘောမကျလို့နေမှာပေါ့"
ပိုင်ယွိထန်က ပခုံးအသာတွန့်၍ ကားတံခါးဖွင့်သည်။
" ဒါမှမဟုတ် ရွှီကျုန်းလွတ်သွားလို့လဲ ဖြစ်နိုင်တာပဲ"" ကြည့်ရတာ ငါတို့ စခန်းပြန်ပြီး ရွှီကျုန်းကို စစ်မေးရဦးမယ်ထင်တယ်"
ကျန်ကျောက်က ခါးပတ်ပတ်ရင်း ရေရွတ်သည်။" ရွှီကျုန်းကိုက အမိန့်ချပြီး တရားဝင်ဖမ်းထားလိုက်ပြီ အခု အချုပ်ခန်းထဲမှာ ပြန်ပေးမှု လူသတ်ရန်ကြံစည်မှုနဲ့ တရားစွဲထားတယ်"
ပိုင်ချီက ခေါင်းခါရင်း စကားဆက်သည်။
" ကလေးက ဘာမှမဖြစ်သွားလို့ ရွှီကျုန်းက သေဒဏ်တော့ ကျမှာမဟုတ်ဘူး ဒါပေမဲ့ ထိုက်သင့်တဲ့ အပြစ်တော့ ခံရမှာပဲ ."" ဟုတ်တယ်"
ပိုင်ယွိထန်ကလဲ ခေါင်းညိတ်သည်။
" အများဆုံးမှ နှစ်နှစ်ဆယ်သုံးဆယ်ပေါ့"" တကယ်လို့.."
ကျန်ကျောက်ကခဏတွေးကာ ဆက်ပြောသည်။
" သူ့ကို စစ်လိုက်လို့ နောက်ကွယ်က ကြိုးကိုင်သူရှိလာရင်တော့ သူက ဒီအတိုင်း အသုံးချခံသက်သက်ပဲ"
VOCÊ ESTÁ LENDO
Special Crime Investigation Journal Of Mystery Book 2 - Completed
Mistério / SuspenseOur S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story