Innocent Murder 25- လျှို့ဝှက်ချက်

3.7K 607 21
                                    

Zawgyi

မနက် ၅ နာရီရောက်သောအခါ အသက်ရှူသံ ပြင်းပြင်းနှင့် ချိုးချိုးချွတ်ချွတ်အသံတို့ကြောင့် Bai Yutang နိုးလာခဲ့သည်။

မျက်လုံးအသာဖွင့်၍ Zhan Zhao ကို ကြည့်မိသောအခါ ကြောင်လေးက သူ့နားတွင် လှုပ်ရွနေသည်။
" ကြောင်လေး... ဘာတွေ လုပ်နေတာလဲ"

ထူးဆန်းသည်က Zhan Zhao မှာ မျက်လုံးမှိတ်ထားဆဲပင်။ Zhan Zhao မှာ မနက် ၇နာရီ မထိုးမချင်း မျက်လုံးမဖွင့်သည်ကို Bai Yutang ကောင်းကောင်းသိလေသည်။ သို့သော် Zhan Zhao မှာ နေရခက်နေသည်ပုံနှင့် လူးလှိမ့်နေ၏။ လက်ကလဲ ခြေထောက်ကို သွားသွား ပွတ်နေသည်။

Bai Yutang က စိတ်ဝင်စားသွားပြီး ထထိုင်ကာ Zhan Zhao ကို သေချာ စောင့်ကြည့်နေသည်။

Zhan Zhao ကတော့ လှုပ်ရွနေသောကြောင့် ဘာကိုမှ မသိပေ။

ကြောင်လေး အိပ်မက်ဆိုးများ မက်နေသည်လားဟု တွေးမိကာ Bai Yutang က Zhan Zhao ပခုံးကို အသာပုတ်၍ တိုးတိုးလေး မေးလိုက်သည်။
" ကြောင်လေး... ဘာဖြစ်လို့လဲ "

Zhan Zhao က လူးလှိမ့်ရင်း ပြန်ဖြေသည်။
" ယားလို့...".

"ယားတယ်??"
Bai Yutang က အံ့သြသွားပြီး Zhan Zhao ​ကိုယ်လေးကို ပွေ့ကာ ယားသည့်နေရာ လိုက်ရှာနေသည်။
"ဘယ်နားက ယားတာလဲ.. ခြင်တွေ ဘာတေ ကိုက်လိုက်လို့လား ဟမ်"

Zhan Zhao က Bai Yutang သူ့အား ပွေ့ထားသည့်တိုင် လူးလှိမ့်နေဆဲပင်။ Bai Yutang က သေချာကြည့်တော့မှ Zhan Zhao သည် သူ့ခြေ​ထောက်ကို ကုတ်ရန် ကြိုးစားနေသည်ကို သတိထားမိ၏။ ဆိုတော့ သူ့ခြေထောက်က ယားနေသည်ပဲ..။ ထိုအခါကျမှ ဒဏ်ရာရထားသော ခြေထောက်က အသားပြန်တက်၍ ယားသည်ကို Bai Yutang သိလိုက်ရ၏။ ထို့ကြောင့် သူ့ကြောင်လေး ယားနေရခြင်း။ ခေါင်းကို အသာယမ်းကာ Zhan Zhao အား အိပ်ရာပေါ် ခပ်ဖွဖွ  ပြန်ချ၍ ရေခဲသေတ္တာထဲမှ ရေခဲအိတ်သွားယူကာ ခြေထောက်ကို ကပ်ပေးလိုက်၏။

လူးလှိမ့်နေသော Zhan Zhao ကိုယ်လေး ငြိမ်ကျသွားမှ Bai Yutang လဲ ရေခဲအိတ်ကို အိပ်ရာဘေး စားပွဲပေါ်မှ ခွက်တစ်လုံးထဲ ထည့်ကာ လှဲချ၍ Zhan Zhao ခြေထောက်​ကို ထပ်မကုတ်မိစေရန် ဖက်၍ အိပ်သည်။

ထိုသို့ဖြင့် Zhan Zhao လှုပ်လိုက်တိုင်း Bai Yutang လဲ ထကာ ရေခဲအိတ်ဖြင့် ခြေထောက်ကို ကပ်ပေးရင်း မိုးလင်းသွားလေ၏။

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now