KILLER VS KILLER 26- Kalula

1.9K 372 12
                                    


Zawgyi

ဘန်ဂျမင်းကို အခန်းကျဉ်းတစ်ခုထဲ လှောင်ပိတ်ပြီးနောက် SCI အဖွဲ့သားများ ဧည့်ခန်းတွင် စုကြသည်။

" လက်ရှိ အရေးကြီးဆုံးတာဝန်က WOLF ကို ဖျက်ဆီးဖို့ပဲ"
ပိုင်ယွိထန်က စကားစသည်။
" ဒါပေမဲ့ နည်းနည်းတော့ ခက်လိမ့်မယ်"

ပိုင်ယွိထန်က ဘေးမှ အိုးရန်ချန်းနှင့် မေဆင်တို့ကို ကြည့်၏။

" အမှန်ပဲ"
မေဆင်က ဝင်ပြော၏။
" WOLF ရဲ့ တည်နေရာက ပုန်းခိုလို့ကောင်းတဲ့ နေရာတင်မကဘူး ကျွန်းပေါ်မှာလဲ ရှိနေသေးတာ..တကယ်လို့ ကြီးကြီးမားမား တိုက်ပွဲမျိုးဖြစ်ရင် အရမ်း ထိန်းချုပ်ရ ခက်လိမ့်မယ်"

အိုးရန်ချန်းက ခေါင်းညိတ်သည်။
" ဟုတ်တယ်.. အချင်းချင်း ပြန်ပစ်မိလို့ မဖြစ်ဘူး"

" တကယ်လို့ တိုက်ပွဲက ကျွန်တော်တို့အတွက် အရေးနိမ့်စေနိုင်မယ်ဆို.. တိတ်တဆိတ် ဝင်တိုက်မယ်ဆိုရင်ရော"
ကျောက်ဟူက ဝင်၍ အကြံပေးသည်။
" ဘယ်လိုလဲ"

"WOLF က လူတွေကို သုံးပြီးတော့ပေါ့"
ကျန်ကျောက်က တိုးတိုးလေး ဝင်ဖြေသည်။
" လူသတ်သမားနဲ့ လူသတ်သမား"

" မင်းက ဖမ်းမိထားတဲ့ ဝံပုလွေကောင်တွေကို သုံးမလို့လား"
ပိုင်ယွိထန်က မေးသည်။
" ဒါပေမဲ့ ငါတို့မှာ ဝံပုလွေလူသားနှစ်ယောက်ပဲ ရှိတာလေ.. လောက်ပါ့မလား"

ကျန်ကျောက်က ခေါင်းရမ်းကာ ရှင်းပြသည်။
" ဝံပုလွေလူသားတွေရဲ့ အကြမ်းဖက်မှုကို သုံးမှာမဟုတ်ဘူး.. WOLF ရဲ့ အတွင်းထဲကနေ တန်ပြန်သီအိုရီသုံးပြီး တိုက်မှာ..သူတို့မှာသာ ပြန်တိုက်နိုင်တဲ့ အင်အားမရှိတော့ရင် WOLF က သူ့လူနဲ့သူ ကိစ္စချောသွားမှာပဲ"

" လူတစ်ယောက်ကိုတော့ သိထားသင့်တယ်"
ကျန်ကျောက်ဘေးမှ ဆိုဖာပေါ်တွင် လျော့တိလျော့ရဲထိုင်ကာ လက်ဖက်ရည်သောက်နေသော ကျောက်ကျွယ်က ပြုံးလိုက်သည်။
" သူက WOLF နဲ့ ပတ်သက်ပြီးတော့ ငါတို့လိုချင်တဲ့ အကူအညီတွေအကုန်လုံးကို ပေးနိုင်တယ်.. အရေးအကြီးဆုံးက WOLF ကို အဖျက်ဆီးပစ်ချင်ဆုံးလူ ဖြစ်နေတာပဲ"

ပိုင်ယွိထန်နှင့် ကျန်ကျောက်တို့က အချင်းချင်းကြည့်လိုက်ကြပြီး ကျောက်ကျွယ်စကားက လက်ခံနိုင်ကြောင်း သဘောတူလိုက်ကြ၏။ ထိုသူက ခါလူလာ။

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now