Unicode
ထိုနေ့ ညနေငါးနာရီခန့်တွင် ပိုင်ယွိထန်နှင့် ကျန်ကျောက်တို့နှစ်ယောက်သား တက္ကသိုလ်ရှိရာသို့ ကားမောင်း၍ထွက်ခဲ့ကြသည်။ ကျောင်းဆင်းချိန်ဖြစ်၍ အတန်းထဲမှ ကျောင်းသားအကုန်လုံး ညနေစာအတွက် ကျောင်းကန်တင်း ရောက်နေကြသည်။ ပိုင်ယွိထန်နှင့် ကျန်ကျောက်လဲ ကားရပ်ကာ ကျောင်းထဲ အတူဝင်လာကြသည်။ အပြစ်ကင်းစင်သော ကျောင်းသားများကိုကြည့်ရင်း သူတို့ခေတ်အခါက တက္ကသိုလ်တက်ရဖို့ မလွယ်ကူခဲ့သည်ကို နှစ်ယောက်သား ပြန်တွေးမိကြသည်။
သူတို့နှစ်ယောက်လုံး လူကြားထဲ ထင်းနေသောကြောင့် လူအတော်များများ၏ အာရုံက သူတို့ထံရောက်လာသည်။ အနည်းငယ်မှောင်လာသောကြောင့် ပိုင်ယွိထန်လဲ မာရှင်းအကြမ်းဆွဲပေးလိုက်သော မြေပုံကိုကြည့်ရင်း ကျောင်းဝင်းမြောက်ဘက်တွင်ရှိသည့် ရေကန်သို့ ထွက်ခဲဲ့ကြ၏။ မြောက်ဘက်သို့ တဖြည်းဖြည်းရောက်လာသည်နှင့် လူလဲ နည်းနည်းလာသည်။ မြောက်ဘက်ဂိတ်နှင့် နီးသည့် လမ်းကြားလေးကို ကွေ့ချိုးလိုက်တော့ ရေကန်ကိုတွေ့လိုက်ရသည်။
" အရမ်းတိတ်ဆိတ်တဲ့နေရာပဲ"
ကျန်ကျောက်က ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုသည်။
" မိန်းကလေးတစ်ယောက်ထဲ မလာသင့်ဘူး"" တစ်ယောက်ယောက်က လာခိုင်းတာဖြစ်နိုင်တယ်.. ဒါမှမဟုတ် တခြားအကြောင်းရင်းလဲ ဖြစ်နိုင်တာပဲ"
ပိုင်ယွိထန်က စကားတပြောပြောနှင့် လျှောက်လာသည်။ ရေကန်ထဲမှ အပေါ်မှ အမိုးမိုးထားသည့်အတွက် သန့်ရှင်းနေပြီး ရေမှော်ပင်များနှင့် ရေကန်အောက်ခြေတွင် အမှိုက်သရိုက်အချို့ပါ တွေ့ရသေးသည်။ကျန်ကျောက်က ရေစပ်နားရပ်ကာ မလှမ်းမကမ်းကို လက်ညိုးလှမ်းထိုးသည်။
" ရှောင်ပိုင်.. အများသုံးသန့်စင်ခန်းက ဟိုဘက်မှာ"ပိုင်ယွိထန်က ခေါင်းညိတ်ကာ ကျန်ကျောက်ကို ရုတ်တရက်လှမ်းဆွဲ၍ ပုန်းလိုက်သည်။
" ဘာလုပ်တာလဲ"
ကျန်ကျောက်က အလန့်တကြားမော့ကြည့်သော်လဲ ပိုင်ယွိထန်က စကားမပြောရန် အချက်ပြပြီး ရေကန်နှင့်မလှမ်းမကမ်းမှ သစ်ပင်ကွယ်တွင် ပုန်းကာ ရေကန်ကိုစိုက်ကြည့်နေသည်။
YOU ARE READING
Special Crime Investigation Journal Of Mystery Book 2 - Completed
Mystery / ThrillerOur S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story