Unicode
သူတို့အားလုံး ကျန်ကျောက်ကို လှည့်ကြည့်ကြသည်။
" ချောင်ဝေ့မင်ရဲ့ တကယ့်ရည်ရွယ်ချက်??"ကျန်ကျောက်က ခေါင်းညိတ်သည်။
" ကုန်းစွန်းပြောလိုက်တဲ့ အရွယ်အစားအပြင် နံပါတ်ကလဲ အရေးကြီးတဲ့အချက်တစ်ခု ဖြစ်နေသေးတယ်"" ဘာ နံပါတ်လဲ"
ပိုင်ယွိထန်က လှမ်းမေးသည်။ကျန်ကျောက်က နှုတ်ခမ်းတွန့်ရုံပြုံး၏။
" ဆယ့်တစ်လေ"သူတို့အားလုံး မျက်မှောင်ကြုံ့သွား၏။... ဆယ့်တစ်??...
" လွန်ခဲ့တဲ့ဆယ့်တစ်နှစ်က ပစ္စည်းပို့သမားလေး သေသွားတဲ့ အမှုကို မှတ်မိကြသေးလား"
ကျန်ကျောက်က မေးလိုက်သည်။သူတို့အားလုံး ခေါင်းညိတ်သည်။
" ဆရာတွေနေတဲ့အဆောင်မှာ ဂတ်စ်ယိုစိမ့်မှုဖြစ်လို့ ပေါက်ကွဲရာက ပစ္စည်းပို့သမားလေး သေသွားတဲ့ အမှုလား"" အဲ့ဒါက မတော်တဆ မဖြစ်နိုင်ဘူး"
ကျန်ကျောက်က တိုးတိုးလေး ပြန်ပြောသည်။
" တကယ်လို့ ငါတို့သာ လူသတ်သမားနေရာမှာဆိုရင် စဥ်းစားကြည့်လိုက် ဝူချန်းလျန်ရယ် ရွှီကျုန်းရယ် တခြားသူငယ်ချင်းတွေကို ဘာလို့သတ်မှာလဲ"" သူတို့အားလုံးက ချန်ကျန်းရှန်ကို ဝိုင်းအနိုင်ကျင့်ခဲ့ကြလို့ မဟုတ်ဘူးလား"
ပိုင်ယွိထန်က ပြန်ဖြေသည်။ကျန်ကျောက်က ခေါင်းညိတ်၏။
" အဲ့ဒါဆို ရဲ့လင်းနဲ့ကျန်းဟွာတို့ရဲ့ ဖြောင့်ချက်တွေကို ခဏဘေးဖယ်ထား .. ဟောက်မိုရဲ့ သူငယ်ချင်းလေးယောက်သေတာက ဘာကြောင့်ဖြစ်မလဲ"" ဟောက်မိုနဲ့ပဲ ပတ်သက်မှာပေါ့"
ကုန်းစွန်းက မျက်မှောင်ကြုံ့နေ၏။
" ပြီးတော့ ငါတို့မှာ သေဆုံးသူနောက်ထပ်တစ်ယောက် ရှိသေးတယ် ဟောက်မိုအစား အသေခံသွားရတဲ့တစ်ယောက် .. သူက ဘယ်သူလဲ... ဘာကြောင့်သေရတာလဲ.. ဟောက်မိုနဲ့လား တခြားသူနဲ့ပတ်သက်နေလို့လား"ကျန်ကျောက်က ခေါင်းညိတ်သည်။
" တခြားကောင်လေးလေးယောက်က နာကျင်မှုမရှိပဲ သေသွားနိုင်ပြီး ဘာလို့ သူကျမှ ရက်ရက်စက်စက် အသတ်ခံရတာလဲ.. ကြည့်ရတာ လူသတ်သမား တကယ်သတ်ချင်တာ သူ့တစ်ယောက်ထဲကိုပဲ.."
YOU ARE READING
Special Crime Investigation Journal Of Mystery Book 2 - Completed
Mystery / ThrillerOur S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story