Password Killer 21 - Killer ကို ရှာပါ

1.4K 281 3
                                    

Unicode

" လူသတ်သမားကို ရှာပါ??"
ကျန်ကျောက်နှင့် ပိုင်ယွိထန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် ကျန်းဟွာကို ကြည့်၏။

" ဘယ်လိုကစားနည်းမျိုးလဲ"

ကျန်းဟွာက ခဏငြိမ်သွားပြီးနောက် ပြန်ဖြေသည်။
" ကျွန်တော်တို့.. ကလပ်မှာ ကစားခဲ့ကြတာ"

" ကလပ်??"
ကျန်ကျောက်ရော ပိုင်ယွိထန်ပါ မျက်မှောင်ကြုံ့သွား၏။
" နည်းနည်း ပိုပြီးတိတိကျကျ ပြော"

ကျန်းဟွာက စီးကရက် တစ်ဖွာရှိက်လိုက်သည်။
" အဲ့ဒီ့တုန်းက ကျွန်တော်တို့အတွက် လုပ်စရာသိပ်မရှိဘူး.. ကွန်ပျူတာတွေ ဖုန်းတွေ အခုလောက် ခေတ်မစားသေးဘူးလေ.. အဲ့ဒီ့တော့ ကျောင်းကပြန်လာရင် CD ခွေတွေ နားထောင်ရတာကို သဘောကျတယ်"

ပိုင်ယွိထန်နှင့် ကျန်ကျောက် အချင်းချင်း ကြည့်ရင်း ကျန်းဟွာစကားကို ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေကြသည်။ မာဟန်နှင့် တခြားသူတွေလဲ စိတ်ဝင်တစားနှင့် တံခါးနားကပ်၍ နားထောင်နေ၏။မာရှင်းထွက်သွားပြီးနောက် မပိတ်ခဲ့သည့် အပေါက်သေးသေးလေးထဲမှ ချောင်းကြည့်ကြသည်။

ပိုင်ယွိထန်က တမင် ပြန်မပိတ်ခဲ့ခြင်းပင်။ ထိုအခါမှသာ အထဲမှ အသံများကို အပြင်က ကျန်းချန်ချီ ကြားစေနိုင်ရန်အတွက်ပင်။

" ကျွန်တော်တို့ အခန်းထဲမှာ ခြောက်ယောက်ရှိတယ် ကျွန်တော်ရယ် ဟောက်မိုရယ် ဝမ်လျန် ရွှီဖုန်း လျို့မင်နဲ့ ချန်ဇီနန်ရယ်"
ကျန်းဟွာက စီးကရက် တစ်ချက် ဖွာပြန်သည်။
" တကယ်တော့ လျို့ဖန်အပါအဝင် လေးယောက်လုံးက လူတွေပြောသလောက် ဆိုးသွမ်းနေကြတာမဟုတ်ပါဘူး.. မီးလောင်မှုဖြစ်ပြီးတော့ တာဝန်ယူရမှာကြောက်လို့ လိမ်ပြောခဲ့ကြတာ"

" ဘာပြောတယ်!!"
ကျန်ကျောက်နှင့် ပိုင်ယွိထန်တို့ လန့်သွားကြသလို အပြင်မှ လူတွေလဲ ကြောင်နေကြ၏။

" သူတို့ထဲက တချို့က ရန်ဖြစ်တာတို့ သူများတွေကို လိုက်စတာတို့ အတန်းပြေးတာတို့တော့ ရှိတာပေါ့ .. ဒါပေမဲ့ ကောလိပ်ကျောင်းသားတွေပဲလေ လူတိုင်းနီးပါး လုပ်ကြတာပဲ.. ဝမ်လျန်တို့လေးယောက်က အပြင်ပိုင်းကြည့်ရင် နည်းနည်းကြောက်ဖို့ကောင်းတယ် ဒါပေမဲ့ သူတို့လဲ တခြားအခန်းဖော်တွေလိုပဲ .. အတန်းထဲက စာတော်တဲ့ကောင်တွေနဲ့ မတွဲချင်လို့ သူတို့အချင်းချင်း ပေါင်းမိကုန်ကြတာ"

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now