Zawgyi
အိုးရန်ချန်းက SCI အဖွဲ့အလုပ်လုပ်ပုံနှင့် အသားကျနေပြီဟုထင်ရသည်။ SCI အဖွဲ့သားများက အစည်းအဝေးလုပ်ကာ အချက်အလက်များစုစည်းနေသည်။
" အမှုကတော့ အတော်လေးရှင်းနေပြီ.. အခု ပြဿနာက WOLF ကို ဖမ်းဖို့ပဲ"
မေဆင်က စကားစသည်။
" ဒီတစ်ခေါက် WOLF ရဲ့ ပုန်းခိုစခန်းကို သိရပြီဆိုတော့ မနေ့ကပဲ အထက်ကိုတင်ပြလိုက်တယ်.. WOLF ရဲ့ ခြေကုပ်စခန်းကိုဖျက်ဆီးဖို့ ရဲအင်အားအလုံအလောက်ချပေးလိမ့်မယ်.. ဒါပေမဲ့ ပြဿနာက ကျွန်းပေါ်မှာဆိုတော့ နေရာချရခက်တယ်.. ပြီးတော့ သာမန်ပြည်သူတွေလဲနေကြသေးတယ်.. လူအသေအပျောက်နည်းအောင် ဂရုစိုက်ရမယ်"" တစ်လုံးထဲပြောရရင် WOLF ကို ခေါ်ထုတ်ဖို့လိုတယ်"
အိုးရန်ချန်းက ခေါင်းရမ်းသည်။
" အဲ့ဒါက အခက်ဆုံးပဲ.. ဘန်ဂျမင်းက သစ္စာဖောက်ထားတာဆိုတော့ WOLF က သူတို့စခန်းကို အကာအကွယ်တွေအများကြီးလုပ်ထားတော့မှာ"သူတို့အားလုံးလဲ WOLF ကို ခေါ်ထုတ်ရန်အစီအစဉ်ကို အကောင်းဆုံးဟု လက်ခံခဲ့ကြ၏။ သို့သော် ဖြစ်နိုင်သည့်အရာဟုတော့မထင်ကြ။ ဆိုဖာပေါ်ထိုင်ကာ ကော်ဖီသောက်နေသော ကျောက်ကျွယ်က ကျန်ကျောက်ကို မေးလိုက်သည်။
" မင်း ဘာတွေ စဉ်းစားနေတာလဲ"ကျန်ကျောက်က ချောကလက်ပူပူလေးကို မှုတ်ရင်း ဖြည်းဖြည်းချင်းသောက်နေသည်။ ပိုင်ယွိထန်နှင့် ဟိုတယ်မှရေချိုးခန်းကို သန့်ရှင်းရေးလုပ်ခဲ့ရသည့်အပြင် ထိုညက ပင်ပန်းသောကြောင့် ရေစက်လက်ထဲအိပ်ပျော်သွားခဲ့သည်။ ထိုနေ့မှပြန်လာပြီးနောက် အစာအိမ်နာ ပြန်ထလာခဲ့သည်။ ပိုင်ယွိထန်က သူ့အပြစ်မကင်းဟု ခံစားရသောကြောင့် တစ်နေ့သုံးခါ ချောကလက်ပူပူလေးဖျော်တိုက်သည်။
ကျောက်ကျွယ်၏ မေးခွန်းကြောင့် ကျန်ကျောက်က လျှို့ဝှက်စွာပြုံး၍ ပြန်ကြည့်လိုက်သည်။
" သဲလွန်စများမရှိဘူးလား"
အိုးရန်ချန်းကလဲ ဝင်မေး၏။" အမ်.. လုဖန်ကို လူရှာခိုင်းထားတယ်"
ကျန်ကျောက်က ချောကလက်တစ်ငုံသောက်သည်။
" ငါးလိုချင်ရင်တော့ ငါးစာချရမှာပဲလေ"
YOU ARE READING
Special Crime Investigation Journal Of Mystery Book 2 - Completed
Mystery / ThrillerOur S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story