Innocent Murder 17- Fun

4.2K 628 68
                                    

Zawgyi

မနေ့က ခါးတယ်ဟုတ်??.. ကျွန်တော့်တုန်းက အသစ်တစ်ပိုင်း မထွက်မချင်း တရားခံကို အသားကုန် ဆဲလိုက်...  Gongsun နဲ့ Zhan Zhao ကို လုပ်ကြံတဲ့အပိုင်း အခေါက်ခေါက်အခါခါ ဖတ်ပြီး ငိုလိုက်နဲ့.. ခင်ဗျားတို့ အဲ့လို လုပ်နေမှာ စိုးလို့ အချိုလေး ထပ်တင်ပေးလိုက်တယ်နော် ဆေးခါးတိုက်ပြီးရင်တော့ Er Ya က သကြားလုံး ကျွေးပါသတဲ့ရှင်....

.......

Zhan Zhao ​ခြေထောက်မှ စိမ့်ထွက်လာသော သွေးများ မြင်သောအခါ Bai Yutang ၏ မျက်နှာလဲ သွေးရောင်လွှမ်းကာ တင်းမာခက်ထန်လာလေ၏။
" ကြောင်လေး!!"

" ငါ ဘာမှ မဖြစ်ပါဘူး"
Zhan Zhao က လေသံလေးနှင့် ပြန်ဖြေရှာ၏။
" ကျည်ဆံက ဒီမှာ...."
ပြောရင်းနှင့် ဘေးနားတွင် ကျနေသော ကျည်ဆံကို လက်ညိုးထိုးပြသည်။
" ရှပ်ထိရုံလေးပဲ... အရိုးထဲ မဝင်သွားဘူး"

Bai Yutang ၏ မျက်လုံးများက ဒေါသအရောင်များ တောက်လောင်နေလျက်။ အင်္ကျီစကို ဖြဲကာ Zhan Zhao ၏  ဒဏ်ရာအား သွေးတိတ်စေရန် စည်းပေးလိုက်၏။
" ကြောင်လေး.... တောင့်ထားနော်..."
ထို့နောက် သူက S.C.I. သို့ ဖုန်းခေါ်၏။

"Jiang Ping... ကြောင်လေး သေနတ်နဲ့ ချောင်းပစ်ခံထားရလို့... လူနာတင်ကားခေါ်.... ငါတို့ ဘိုးဘွားရိပ်သာမှာ...."

Bai Yutang ဖုန်းချပြီးနောက် တောင်ခြေတွင် ရပ်ထားသော van ကားအဖြူက ယိုင်နဲ့နဲ့ ခြံစည်းရိုးကို ဝင်တိုက်ကာ တောင်ပေါ်သို့ အရှိန်နှင့် တက်လာ၏။

တက်လာသော ကားကို တစ်ချက်သာ ကြည့်၍ Bai Yutang က Zhan Zhao ကို ပွေ့ကာ တောင်ပေါ် လုံခြုံသည့် တစ်နေရာတွင် ချထားလိုက်၏။ ထို့နောက် သူက Zhan Zhao ​ရှေ့တွင် ကာ၍ ရပ်နေသည်။ အဖြူရောင် van ကားမှ မှန်တံခါး ကျလာပြီး သေနတ်တစ်လက်ထွက်လာ၏။ ရဲသက်တမ်း အတွေ့အကြုံအရ ထွက်လာသော သေနတ်သည်  ရိုင်ဖယ်ဖြစ်ပြီး Zhan Zhao ကို ပစ်လိုက်သော ကျည်ဆန်မှာ ထိုသေနတ်မှလာသည်ဆိုသည်ကို သူ တပ်အပ် သိလိုက်၏။

မျက်မှောင်ကြုံ့ထားသော Bai Yutang ၏ မျက်နှာက ရေခဲထက်ပင် အေးစက်မာကြောနေ၏။ သေနတ်ကိုင်ထားသော လက်ကို မြှောက်ကာ မောင်းဖြုတ်လိုက်၏။ ကျည်ဆန်မှာ တစ်ဝက်သာ ပွင့်နေသော ကားမှန်ကို ဖြတ်ကာ အထဲမှ လူကို တိုက်ရိုက်သွားမှန်၏။ ထို့နောက် Bai Yutang က လမ်းလ်ာခေါင်သို့ တက်ကာ သူ့ဆီ ပြေးလာနေသော ကားကို ကျည် သုံးချက် ပစ်လွှတ်သည်။ ကျည်ဆန်များမှာ ကားရှေ့တာယာကို သွားမှန်ကာ ကားဘီး လေ ပြားချပ်သွား၏။ ထို့နောကိ စူးရှကျယ်လောင်သော ဘရိပ်ဖမ်းသံကို ကြားရပြီးနောက် ကားမှာ သူ့အရှိန်သူ မထိန်းနိုင်တော့ပေ။ Bai Yutang က van ကား လမ်းဘေးသို့ ဝင်တိုက်ကာ ပြုတ်ကျသွားသည့်တိုင် လမ်းလည်တွင် မလှုပ်မယှက် ရပ်နေဆဲပင်။ ကားမှာ တောင်ဘေးနံရံကို တိုက်မိကာ အသံကျယ်နှင်အတူ လေကာများ ပျက်စီးသွားလေ၏။

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now