Innocent Murder 27- အဆုံးသတ်

4.6K 626 30
                                    

Zawgyi

ညနေ ၃နာရီအချိန်လောက်တွင် ဦးလေး An တစ်ယောက် လက်ရှိ ပြဿနာများကြောင့် အငြိမ်းစားယူတော့မည်ဖြစ်ကြောင်း Zhan Zhao နှင့် Bai Yutang တို့အား Bao Zheng က ပြောပြသည်။ အလုပ်အပေါ် အာရုံနှစ်ကာ ကြိုးစားမှုတို့ကြောင့် သူ့အား S မြို့တော် ရဲဌာနရုံးမှ ဆုတံဆိပ်ချီးမြှင့်ရန် ပြင်ဆင်ထားကြသည်။

ညနေငါးနာရီအချိန်တွင် Bai Jintang ပိုင်သော Food City စားသောက်ဆိုင်ထဲရှိ သီးသန့်ခန်းထဲတွင် S.C.I. တစ်ဖွဲ့လုံး ညစာ စားနေကြ၏။ Zhan Zhao နှင့် Bai Yutang တို့က မနက်ဖြန် တရားခံဖမ်းရန် စီစဉ်နေကြသည်။

ညနေ ၁၀ နာရီတွင် သူတို့အားလုံး အဆင်သင့် ဖြစ်သွားရန် လူစုခွဲခဲ့ကြ၏။

D- day....

Zhan Zhao ၏ စာအုပ်ကလပ်အား တောင်ပိုင်းလမ်း ပုံနှိပ်တိုက်ရှိ အစည်းအဝေးအခန်းငယ်တစ်ခုတွင် ကျင်းပရန် စီစဉ်ထားသည်။ လူပေါင်း ဆယ့်နှစ်ယောက်ခန့် လာကြပြီး Yang Chen နှင့် Yan Jiajia အပါအဝင် လူငယ်များသာ ရှိနေကြ၏။

သို့သော် မနက်၈နာရီခွဲသည့်တိုင်အောင် Zhan Zhao က ရောက်မလာသေးပဲ ဆက်သွယ်၍လဲ မရပေ။ Qian Mingyue ၏ မျက်နှာမှာ စိုးရိမ်စိတ်များ လွှမ်းနေ၍ တံခါစကိုသာ ခဏခဏ စိုက်ကြည့်နေသည်။ Zhan Zhao သာ မလာသည်မဟုတ်ပဲ သူမဖိတ်ထားသော မီဒီယာများလဲ တစ်ယောက်မှ ရောက်မလာကြ။ Yang Chen နှင့် Yan Jiajia တို့ နှစ်ယောက်လုံး စိတ်မရှည်ဖြစ်လာကြ၏။

၉နာရီရောက်သောအခါ လူအုပ်မှ စကားသံများ တီတိုးထွက်လာကြသည်။

Yan Jiajia က Qian Mingyue ကို အေးစက်စက်ကြည့်၏။
" ရှင် ကျွန်မကို လာစမ်းရဲတယ်ပေါ့"

Yang Chen က အေးစက်စက်ရယ်၏။
" ငါတို့ကို စမ်းနေတာ နင်လို့ ထင်တာပဲ"

" နင် ဘာစကားပြောတာလဲ"
Yan Jiajia က တစ်ဖက်လှည့်ကာ တိတ်သွားသော Yang Chen ကို ကြည့်နေသည်။

" သူ ကိစ္စတစ်ခုရှိလို့ ဖြစ်မှာပါ"
Qian Mingyue က ရုတ်တရက် ဆင်ခြေတစ်ခု ရှာလိုက်၏။
" သူက ရဲဆိုတော့ အလုပ်များနေတာ ဖြစ်မှာပါ"

သူမစကားအဆုံးတွင် တံခါးခေါက်သံတစ်ချက် ပေါ်လာ၏။ ထို့နောက် တံခါးမှာ အပြင်မှ တွန်းလိုက်၍ ပွင့်လာ၏။ တံခါးဝတွင် Zhan Zhao က ပြုံးကာ ရပ်နေသည်။
" တောင်းပန်ပါတယ်... ကျွန်တော် နောက်ကျသွားတယ်..."

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now