Password Killer : 17 ချုပ်ဆေး

1.4K 292 4
                                    

Unicode

ချောင်ဝေ့မင်နှင့် အမှုဆက်စပ်နေသည်ကိုသိတော့ သူတို့အားလုံး စိတ်ရှုပ်သွားကြသည်။ သူတို့သံသယရှိနေသူဖြစ်သည့်အတွက် ဝမ်းသာရပေမဲ့ အမှုက တော်တော်မလွယ်နိုင်မှန်း ခန့်မှန်းမိလေသည်။ ပို၍ပင်ဆိုးနိုင်သည်။

" အဲ့ဒီ့အဖွဲ့အခုထိ ရှိသေးလား"

ကျန်းပင်က ပခုံးတွန့်ရင်း ပြန်ဖြေသည်။
" ရွှီကျုန်းက အဖွဲ့ထဲက အထုတ်ခံလိုက်ရပြီးပြီ .. ဒါပေမဲ့ သူပြောထားတဲ့ စာတွေကိုတော့ ဝင်ကြည့်လို့ရနိုင်ပါသေးတယ်"

ပိုင်ယွိထန်က ရေရွတ်သည်။
" အော်??"

ပိုင်ယွိထန်နှင့် ကျန်ကျောက်တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ပရင့်ထုတ်ထားသော စာများကို ယူကြည့်ကာ ကျန်ကျောက်က မျက်မှောင်ကြုံ့သည်။

" အဲ့အဖွဲ့ကလူတွေက တကယ်မကောင်းတဲ့ကောင်တွေပဲ"

ပိုင်ချီကလဲ စာရွက်အချို့ယူကြည့်ရင်း ပြန်ချသည်။

" အင်း... နှလုံးသားတွေ မာကျောလိုက်ကြတာ"

" ဟက်"
လော့ထျန်က ကြည့်ရင်း ပြုံးနေသည်။
" ကြည့်ရတာ လူသတ်တာနဲ့ မီးရှို့တာကို သူတို့အတော်လေးစွဲလန်းနေကြတဲ့ပုံပဲ"

" ဒီအဖွဲ့ကို စောင့်ကြည့်ထား.. တစ်ခုခုဆို လှမ်းခေါ်လိုက်"
ပိုင်ယွိထန်က ကျန်းပင်ကို အမိန့်ပေးလိုက်သည်။

" ဟုတ်ကဲ့ပါ"
ကျန်းပင်က ကီးဘုတ်ရိုက်နေရင်း ပြန်ဖြေသည်။
" အခု ကြည့်နေပါပြီ"

" ရွှီကျုန်းဆီ ပြန်သွားပြီးတော့ ကလိကြည့်ရအောင် ဘာစကားများထွက်လာမလဲလို့"
ကျန်ကျောက်က ပိုင်ယွိထန်ကို မျက်လုံးလေးတစ်ဖက် မှိတ်ပြလိုက်ပြီး စစ်ဆေးခန်းထဲ စာရွက်တွေယူကာ ပြန်ဝင်သွားသည်။

ကျန်ကျောက်၏ ထူးဆန်းနေသောအမူအရာကြောင့် ပိုင်ယွိထန်လဲ တစ်ခုခုတော့တစ်ခုခုပဲဟုတွေးကာ အခန်းထဲ လိုက်ဝင်သွားသည်။

ကျန်ကျောက်က အဖွဲ့ထဲ ပြောထားသည့်စကားများကို ကြည့်ရင်း ပြုံးနေသည်။

ရွှီကျုန်းလဲ ကျန်ကျောက် ဘာကြည့်ပြီး ရယ်နေမှန်းမသိ၍ ကြောင်နေရသည်။ ကျန်ကျောက်က ဖတ်နေရင်းမှ ပိုင်ယွိထန်ကို စကားတွေပြောနေသည်။
" ရှောင်ပိုင်ရေ .. မင်းရှေ့မှာ ကလေးတစ်ယောက် ရေနစ်နေတာမြင်ရင် ဘာလုပ်မှာလဲ"

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now