KILLER VS KILLER 29 - နောက်ဆုံးရလဒ်

2.1K 393 26
                                    

Zawgyi

" ရှောင်ပိုင်.. ဆပ်ပြာမြှုပ်တွေချည်းပဲကွာ"

ကျန်ကျောက်က တစ်စုံတစ်ခု မှားနေမှန်း စဉ်းစားမိသည်။ ရေချိုးကန်ကျဉ်းကျဉ်းလေးထဲတွင် အမြှုပ်တွေက နေရာစုံပျံ့နေ၏။ ခေါင်းငုံ့ကြည့်လိုက်တော့ ဆပ်ပြာမြှုပ်တွေက သူ့လည်ပင်းထိတောင်ရောက်နေပြီ။ သူ့ရှေ့မှ ပိုင်ယွိထန်လဲ ခေါင်းမှလွဲ၍ တစ်ကိုယ်လုံး ဆပ်ပြာမြှုပ်များနှင့် ဖုံးနေသည်။

" ဒီဆပ်ပြာရည်အပျစ်က တကယ်စိတ်ဝင်စားစရာပဲကွ.."
ပိုင်ယွိထန်က ကျန်ကျောက်ပခုံးနှစ်ဖက်ပေါ် လက်တင်ရင်း ဝမ်းသာအားရဆိုသည်။
" ကြောင်လေး.. အိမ်ပြန်ရင် ဘူးကြီးတစ်ဘူးလောက် ဝယ်သွားရအောင်လေ"

" အပြင်ထွက်ပြီးမှ ဆက်ပြော"
ကျန်ကျောက်က ပိုင်ယွိထန်ကို တွန်းနေသည်။
" ဒီဆပ်ပြာမြှုပ်တွေနဲ့ အရှင်လတ်လတ်အမြှုပ်မခံနိုင်ဘူး"

ပိုင်ယွိထန်က ကျန်ကျောက်နှုတ်ခမ်းဖျားကို ငုံ့၍နမ်းသည်။ ထို့နောက် အပေါ်အောက် ပွတ်ကာ နမ်းနေသဖြင့် ကျန်ကျောက်တစ်ကိုယ်လုံး ပူလောင်လာလေသည်။ ရေချိုးခန်းထဲ ဝင်သွားနိုင်သူတို့ မြင်ရပုံကတော့ အပေါ်တွင် ခေါင်းနှစ်လုံးဆိုင်ကာ နမ်းနေကြပြီး လက်လေးဖက်ကတော့ ဆပ်ပြာမြှုပ်များအောက်တွင် ရှာမတွေ့နိုင်အောင် ပျောက်ချက်သားကောင်းနေပုံပင်။

နောက်ဆုံးတွင်တော့ ပိုင်ယွိထန်က ခွန်အားလျှော့သုံးနိုင်ဖို့ ရေမွေ့ယာဆီသွားရန် စိတ်ကူးလိုက်ပြီး ရေမြှုပ်များကို ဆေးကြောပစ်ချင်သွားသည်။ ဆေးပြီးမှ တကယ့်အလုပ်ကို စိတ်နှစ်လုပ်ရန် ကြံစည်ကာ ရေဘုံဘိုင်ကို အဖွင့်...

" အ!!"
ကျန်ကျောက်က ပိုမိုများပြားလာသော ရေမြှုပ်များကြောင့် အလန့်တကြားအော်ကာ ရေမြှုပ်ကြားထဲ ပျောက်ကွယ်သွား၏။

" ကြောင်လေး.. မင်းဘယ်မှာလဲ"

ပိုင်ယွိထန်က ကျန်ကျောက်ကို ကယ်တင်ရန် ရေမြှုပ်များကို ဖယ်ပစ်နေသည်။ ကျန်ကျောက်ကတော့ စမ်းရင်း စမ်းရင်းနှင့် တံခါးကိုစမ်းမိကာ ဖွင့်၍ အပြင်ထွက်သွားလေ၏။

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now