Password Killer 29 - the Past

1.4K 299 8
                                    

Unicode

မှောင်မိုက်တိတ်ဆိတ်သော အခန်းတစ်ခု၏ နံရံပေါ်မှ နာရီသံတစ်ချက်ချက်က ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေသည်။ အခန်းအလယ်တွင် မျက်နှာကျတ်ပေါ်မှ တွဲလောင်းကျနေသော မီးသီးဝါကျင်ကျင်လေးတစ်လုံးသာရှိပြီး ခပ်မှိန်မှိန်လင်းနေသည့်အတွက် အခန်းထဲရှိအရာတို့ကို မရှင်းမလင်း မြင်နေရသည်။

ထိုင်ခုံပေါ်တွင် ကြိုးတုပ်ခံထားရသော လျို့ဖန်က သူ့ရှေ့တွင် ရပ်နေသူကို မော့ကြည့်နေ၏။
" ခင်ဗျား ဘယ်သူလဲ"

လျို့ဖန်က ခေါင်းကို ဖြည်းဖြည်းချင်း ခါနေသည်။
သူ့ရှေ့မှလူက သူ့ကိုမေ့ဆေးအုပ်ကာ ခေါ်လာသောကြောင့် သူ ဘာဖြစ်လို့ ဖြစ်သွားမှန်းပင်မသိလိုက်။ ထိုလူလက်ထဲတွင် သေနတ်တစ်လက်က ရှိနေဆဲပင်။

" ငါ မင်းကို ချစ်တယ်"
လျို့ဖန်ရှေ့ ရပ်နေသော ချောင်ဝေ့မင်မှာ အိတ်တစ်အိတ်လွယ်၍ ပြုံးကြည့်နေသည်။

" ကျွန်တော် ခင်ဗျားကို မသိဘူး.. ခင်ဗျား လူမှားနေတာထင်တယ်"
လျို့ဖန်က ပင်ပန်းကြီးစွာ အသက်ရှိုက်ရင်း ပြန်ဖြေသည်။ အခန်းထဲတွင် ဖုန်မှုန့်များ ပြည့်နှက်နေသည့်အတွက် ပန်းနာရင်ကြပ် ပြန်ထလာခြင်းဖြစ်မည်။

ချောင်ဝေ့မင်က ပြုံးနေဆဲပင်။
" ငါ့မှာအချိန်သိပ်မရှိဘူး"
ပြောရင်းဆိုရင်းနှင့် ချောင်ဝေ့မင်က အိတ်ကိုချကာ အထဲမှ ဆေးထိုးအပ်နှင့် ဖန်ပုလင်းလေးတစ်လုံးကို ထုတ်လိုက်သည်။

လျို့ဖန်က ခေါင်းရမ်းနေသည်။
" ခင်ဗျား ဘာလုပ်တာလဲ.. ကျွန်တော် ဒီဟာတွေ သုံးဖို့ မလိုဘူး "

" မစိုးရိမ်ပါနဲ့.. ဒါမူးယစ်ဆေးမဟုတ်ပါဘူး"
ချောင်ဝေ့မင်က နှစ်သိမ့်သည်။
" ဒါက ဆက်သွယ်ရေးကိရိယာလေးတစ်ခုပါ"

" ဆက်သွယ်ရေးကိရိယာ??"
လျို့ဖန်က ဘာကိုမှ နားမလည်နိုင်ပုံနှင့် မျက်မှောင်ကြုံ့သွား၏။

" ငါတို့ အရင်ဆုံး အတူနေလိုက်ရအောင်.. ပြီးတော့မှ တဖြည်းဖြည်းချင်း ပြောပြမယ်"
ချောင်ဝေ့မင်က ပြုံးနေသည်။

" အတူနေမယ်??"
လျို့ဖန်ပုံက အားတစ်စက်မှ ရှိမနေတော့။
" ဒီမှာလား.. ဒါ ဘယ်နေရာလဲ.. ကျ..ကျွန်တော် အသက်ရှူလို့မရတော့ဘူး"

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now