Password killer 19- သင်္ချိုင်းသို့

1.4K 305 6
                                    

Unicode

ညနက်သန်းခေါင်ကြီး သင်္ချိုင်းသွားကြသည်က လူအများစုအတွက် ကြောက်ဖို့ကောင်းနိုင်ပေမဲ့ သူတို့နှစ်ယောက်အတွက်တော့ စိတ်ဝင်စားစရာသာ ကြီးစိုးနေသည်။ ဘာလို့လဲမေးရင်တော့ သူတို့လဲ ဖြေနိုင်မည်မထင်။

ကျန်ကျောက်က ဒီနေ့တော့ စောင့်ကြည့်ရုံသာ ကြည့်မည်ဟုပြောထား၍ အိမ်ထဲ မဝင်တော့ပဲ ခပ်လှမ်းလှမ်းမှ စောင့်ကြည့်ရန် မှန်ဘီလူးနှစ်ခု ယူလာသည်။ သင်္ချိုင်းရှိ မြင်ကွင်းကောင်းသော ကုန်းလေးတစ်ခုပေါ်တွင် ကားရပ်ကာ စိတ်ဝင်တစားနှင့် လှမ်းကြည့်နေကြသည်။

" မှောင်နေတာ ဘာမှမမြင်ရဘူးကွ"
ပိုင်ယွိထန်က မှန်ဘီလူးနှင့် ခဏခဏလှမ်းကြည့်နေ၏။

" ဟိုနားလေးမှာ ချောင်ဝေ့မင်အိမ် တွေ့လား"
ကျန်ကျောက်က ချောင်ဝေ့မင် အိမ်ဘက် လှမ်းပြတော့ ပိုင်ယွိထန်က ကြည့်သည်။
  " လိုက်ကာတွေတော့ ဖွင့်ထားတယ် မီးမဖွင့်ထားဘူးကွ .. သူရှိနေမယ်ထင်လား"

ကျန်ကျောက်က ပခုံးအသာတွန့်ရင်း ပြန်​ဖြေသည်။
" အိမ်ရှေ့မှာ ဘာကားမှ မရှိဘူးလေ.. အဲ့ဒီလူမလာသေးဘူးနဲ့တူတယ်"

" ကြောင်လေး မင်းဘယ်သူ့ကိုပြောနေတာလဲ"
ပိုင်ယွိထန်က မေးလိုက်သည်။

" လျို့ဖန်"
ကျန်ကျောက်က တိုးတိုးလေး ပြန်ဖြေသည်။

" လျို့ဖန်???"
ပိုင်ယွိထန်က မျက်မှောင်လေးကြုံ့သွား၏။
" ငါက သူ့ကိုယ်သူပဲ စိတ်ဝင်စားတယ်ထင်တာလေ.. မင်းပြောတော့ သူက တည်ငြိမ်ပါတယ်ဆို"

ကျန်ကျောက်က ပြုံးနေရင်း ပိုင်ယွိထန်မေးဖျားလေးကို လှမ်းကိုင်သည်။
" မင်းကပွေတတ်တဲ့ ကောင်လေးနဲ့ တူပေမဲ့ တည်ငြိမ်တဲ့ ပင်လယ်ကြီးကိုပဲ ချစ်မှန်း ဘယ်သူသိလို့လဲ"
( ကျန်ကျောက်က အပြာရောင်လေးတွေပဲ ဝတ်တာပါ)

ပိုင်ယွိထန်က ရယ်လိုက်သည်။
" ဟုတ်သားပဲ"

ကျန်ကျောက်က ခေါင်းခါရင်း ထပ်ပြောသည်။
" ကြောင်မွေးတဲ့သူတွေက အထီးကျန်တာနဲ့ ဆူညံသံတွေကို ကြောက်ကြတာပဲကွ"

" အမှန်ပဲ"
ပိုင်ယွိထန်က ခေါင်းညိတ်ကာ ထောက်ခံသည်။
" အထီးကျန်တာကိုပဲ ကြောက်တယ်ဆိုရင် ခွေးမွေးတာက ပိုကောင်းပေမဲ့ ဆူညံသံတွေကိုကြောက်လို့ရှိရင် ကြောင်မွေးတာတောင်မှ တော်တော်လေးလွန်နေပြီ"

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now