Unicode
" အရည်အသွေးမပြည့်တဲ့ ထုတ်ကုန်တွေ??"
ကျန်ကျောက်က အတော်လေး စိတ်ရှုပ်သွားကာ မေးလိုက်သည်။
" ဘယ်လိုကြီးလဲ"ကျောက်ကျွယ်က ခပ်တိုးတိုးရယ်ရင်း ပြန်ဖြေသည်။
" မပြောပြပါဘူး"" ခင်ဗျား"
ကျန်ကျောက် နည်းနည်းလေး ဒေါသထွက်သွားသည့်အတွက် လေသံတိုးတိုးနှင့် ပြောလိုက်သည်။
" ဘာလို့ မပြောတာလဲ... ဒီကိစ္စက ခင်ဗျားနဲ့ ပတ်သက်နေလို့လား"" အင်း"
ကျောက်ကျွယ်က အတော်ကြာအောင် တွေးပြီးမှ ပြန်ဖြေသည်။
" လုံးဝပတ်သက်နေတာမဟုတ်ဘူးလို့တော့ ပြောလို့မရဘူး... ဒါပေမဲ့ ပတ်သက်နေတယ်ဆိုရင်လဲ ကောင်းတဲ့အရာ မဖြစ်နိုင်ဘူးလေ... အဲ့ဒါကြောင့်ဟုတ်တယ် မဟုတ်ဘူးလို့ ပြောဖို့ခက်တာ... ဟုတ်တယ်လို့လဲ ပြောလို့ရသလို မဟုတ်ဘူးလို့လဲ ပြောလို့ရသားပဲ"ကျောက်ကျွယ်စကားဆုံးတော့ ကျန်ကျောက် အတန်ကြာသည်အထိ ကြောင်အနေကာ ရင်ထဲမှ လှိုက်လှီုက်လှဲလှဲ လေးစားသွားလေသည်။ သူ့စကားပြောသည့်အခါ တခြားသူများ နားမလည်နိုင်တတ်သည့် အကျင့်ရှိသည်။ သို့သော် ကျောက်ကျွယ်က ပိုဆိုးနေကာ လူစကား နားမလည်အောင် ပြောတတ်သည်။ မဟုတ်... သူ့စကားကို လူသားတွေ နားမလည်နိုင်ခြင်းသာ ဖြစ်နိုင်သည်။
" ခင်ဗျား တရုတ်လိုပြောလို့မရဘူးလား"
ကျန်ကျောက်က အတော်ကြာသည်အထိ အောင့်အည်းနေပြီးမှ သူ့ကို လူတိုင်းဝိုင်းပြောကြသည့် စကားတစ်ခွန်းကို ပြန်ပြောလိုက်ရသည်။ကျောက်ကျွယ်က သက်ပြင်းချ၍ ပြန်ဖြေသည်။
" တွေ့ပြီးမှ ပြောရအောင်"" တွေ့မယ်??"
ကျန်ကျောက် တအံ့တဩဖြစ်သွားကာ အော်လိုက်သည်။
" ခင်ဗျား S မြို့မှာ ရှိနေတာလား"" အင်းလေ"
ကျောက်ကျွယ်က ခေါင်းညိတ်ကာ ပြန်ဖြေသည်။
" အမ်း... ဒါပေမဲ့ မင်း လူတွေအများကြီး ခေါ်လာလို့မရဘူးနော်... မင်း လာလို့ရတယ်... ပိုင်မိသားစုက ကျားပေါက်လေးလာလို့ရတယ်... ယုန်ပေါက်လေးလဲ လာလို့ရတယ်"" ဘယ်ယုန်လဲ"
ကျန်ကျောက် မစဉ်းစားတတ်။" ပိုင်မျိုးရိုး ချစ်စရာယုန်ပေါက်လေးလေ"
ကျောက်ကျွယ်က ပြုံးရင်း ထပ်ပြောသည်။
" အော်.. ဒါနဲ့ မင်းတို့ SCI အဖွဲ့က မှုခင်းဆေးဆရာဝန်လား တစ်ယောက်လောက် ခေါ်ခဲ့... အသုံးဝင်လိမ့်မယ်"
YOU ARE READING
Special Crime Investigation Journal Of Mystery Book 2 - Completed
Mystery / ThrillerOur S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story