Innocent Murder 20- လူသတ်လက်နက်

3.4K 585 33
                                    

Zawgyi

" လူသတ်လက်နက်??.."
Bai Yutang နှင့် Luo Tian တို့က Zhan Zhao ပြောစကားကို နားမလည်ပေ။

" ကြောင်လေး"
Bai Yutang က မေးသည်။
" လူသတ်လက်နက်က ဘာကို ပြောတာလဲ"

Zhan Zhao က ဒဏ်ရာရထားသော ခြေထောက်ကို တခြားခြေထောက်ပေါ် တင်ကာ လက်နှင့် နှိပ်နယ်သည်။
" ဒီအမှုမှာ ငါ အမြဲတမ်း စိတ်ရှုပ်ပြီး မဖော်နိုင်တဲ့ အချက်တစ်ချက် ရှိတယ်.."

" ဘာလဲ"

" ငါ စာမရေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တာကို မင်း မှတ်မိသေးလား"
Zhan Zhao က မေးသည်။

" အင်း"
Bai Yutang က ခေါင်းညိတ်သည်။
" အဲ့ဒီတုန်းက အယ်ဒီတာ Qian Mingyue က မင်းကို ဓာတ်ပုံရိုက်ပြီး ကြော်ငြာမယ်ဆိုလို့လေ... မင်း အပျင်းကြီးပြီး မရေးချင်တာလဲ ရှိပေမဲ့ပေါ့..."

" သွားစမ်း.."
Zhan Zhao က Bai Yutang ကို ကြည့်သည်။ ထို့နောက် လေးနက်သော လေသံဖြင့် ဆက်ပြော၏။
" ငါ စာ ဆက်မရေးချင်တော့ဘူးဆိုတာက တစ်ယောက်ယောက်က ငါ့စာတွေ ဖတ်ပြီး ပြစ်မှုကျူးလွန်မှာစိုးလို့"

" အင်း ပြီးတော့ရော..."
Bai Yutang က မေးသည်။

" မင်းတို့ ငါ့စာအုပ်တွေ အကုန် ဖတ်ဖူးတယ်ဟုတ်"
Zhan Zhao က Bai Yutang နှင့် Luo Tian တို့ နှစ်ယောက်လုံးကို မေးလိုက်သည်။

" အင်း"
နှစ်ယောက်လုံး ခေါင်းညိတ်သည်။

Zhan Zhao က Luo Tian ကို မေးသည်။
" ဖတ်ပြီးတော့ ဘယ်လိုခံစားရလဲ"

Luo Tian က Zhan Zhao ဘာကြောင့် အကြောင်းအရာကို ရုတ်တရက် ပြောင်းလဲလိုက်လဲ စဉ်းစားမရပေ။ Zhan Zhao မေးသည်ကို သေချာစဉ်းစားကာ ပြန်ဖြေ၏။
" ဟို... အမှန်အတိုင်းပြောရရင်... သေချာတော့ နားမလည်ဘူး... ဇာတ်လမ်းရဲ့ သဘောတရားကိုပဲ သိတာ... အရမ်းလျှို့ဝှက်တဲ့ ဝတ္ထုတစ်ပုဒ်ကို ဖတ်နေရသလိုပဲ... ပြီးတော့ အရေးအသားလဲ ကောင်းတယ်"

Luo Tian ၏ အဖြေကို နားထောင်ပြီးနောက် Zhan Zhao က ခေါင်းညိတ်ကာ ဆက်မေး၏။
" အဲ့ဒါ ဖတ်ပြီးနောက် စိတ်ပညာက ​မှော်ဆန်တယ်လို့ ထင်လား"

Luo Tian က ခေါင်းညိတ်သည်။
" အင်း... စိတ်ပညာသုံးပြီး အမှုဖြေရှင်းတာက အရမ်းမိုက်တယ်"

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now